August 27, 2023

၂၀၂၅ ခုနှစ်မှာ ပြည်ပသို့ စားသုံးဆီတင်ပို့ရောင်းချမယ်လို့ စစ်ခေါင်းဆောင်ကြွေးကြော်

နေပြည်တော်၊ သြဂုတ်(၂၇) လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြည်ပနိုင်ငံတွေကို စားသုံးဆီ တင်ပို့ရောင်းချနိုင်တဲ့ အဆင့်အထိ ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေးအတွင်း ပြောဆိုလိုက်ပါတယ်။ စစ်ခေါင်းဆောင်က ပြည်တွင်းစားသုံးဆီရဲ့ လိုအပ်ချက်ကြောင့် နှစ်စဉ်ပြည်ပကနေ အမေရိကန် ဒေါ် လာသန်း ၆၀၀ ကျော်ဖိုး တင်သွင်းနေရပြီး…

သရက်ချောင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာ

သရက်ချောင်း၊ သြဂုတ်(၂၇) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့သြဂုတ် ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလားတယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သြဂုတ် ၂၄ ရက်နေ့မှာ သရက်ချောင်းမြို့နယ် ဝင်းဝရွာဘက်ကနေ ရငဲရွာဘက်ကို စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ရငဲနဲ့ကမြိုင်ကျေး ရွာကြားမှာ…

နိုင်ငံပျက်စီးဆုံးရှုံးမှုရဲ့ အဓိကတရားခံဟာ စစ်တပ်သာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေတုံ့ပြန်

ဒီးမော့ဆို၊ သြဂုတ်(၂၇) နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ အာဏာသိမ်းယူမှုကြောင့် ဖြစ်ထွန်းလာတဲ့ ပျက်စီးဆုံးရှုံးထိခိုက်မှု အကျိုးဆက်ရဲ့ တရားခံဟာ အာဏာသိမ်းစစ်တပ်သာဖြစ်တယ်လို့ ဒီမိုကရေစီရေးနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေဟာ သူတို့ကိုလက်နက်ကိုင်ဆန့်ကျင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက လုပ်ဆောင်နေတာလို့ ပြည်တွင်းသာမက ပြည်ပအသိုင်းအဝိုင်းတွေမှာပါ မကြာခဏစွပ်စွဲအပြစ်ဖို့လေ့ရှိပါတယ်။ လတ်တလော ပြုလုပ်ခဲ့တဲ့ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်…

ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် တပ်တွင်းဂယက်ထနေ

နေပြည်တော်၊ သြဂုတ်(၂၇) နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အရပ်သားပြည်သူတွေသာမက စစ်ကောင်စီကို ထောက်ခံသူတွေနဲ့ တပ်တွင်းမှာပါ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ တပ်အင်အားပြုန်းတီးမှုအပြင် စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တဖက်မှာတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အမျိုးမျိုးသော လစာငွေဖြတ်တောက်မှုတွေကြောင့် မိသားစုစားဝတ်နေရေး ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။ သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုတွေအရ လစာကျပ်နှစ်သိန်းတစ်သောင်းရတဲ့ ရဲဘော်တစ်ဦးရဲ့…

သိမ်ဇရပ်မှာ စစ်ကောင်စီတပ် တိုက်မိုင်းထိပြီး ၂ ဦးသေဆုံး၂ ဦးဒဏ်ရာရ

သိမ်ဇရပ်၊ သြဂုတ်(၂၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးသင်္ချိုင်းလမ်းဆုံအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်မိုင်းထိပြီး ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ထံကနေ သိရပါတယ်။ စစ်ကောင်စီနဲ့ပျူစောထီး အင်အား ၃၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ ညနေ ၉ နာရီအချိန်ခန့်က ခြေလျင်နဲ့…

တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးထား ထွက်ခွာဖို့ စစ်တပ် အမိန့်ပေး

ရန်ကုန် – ဩဂုတ်(၂၆) အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံအခြေစိုက် တီမော သံဝန်ထမ်းတွေကို လာမယ့် စက်တင်ဘာလ(၁) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံထဲက ထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက အသိပေးထားပါတယ်။ အခုလို နိုင်ငံထဲက ထွက်ခွာဖို့ အမိန့်ပေးခဲ့တာနဲ့ ပတ်သက်ပြီး တီမောသမ္မတကြီးက သူတို့ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့ တုံ့ပြန်ထားပြီး ဒါဟာမြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တီမောနိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်တယ်လို့…