ဆိုးလ်၊ သြဂုတ်(၂၅)
လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက လူစည်းကားရာ တောင်တက်လမ်းတစ်ခုမှာ ကျောင်းဆရာမ တစ်ဦးကို မတရား ပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပြီးတဲ့နောက်မှာ မြို့တော်ရှိ ပန်းခြံတွေမှာ စောင့်ကြည့်ရေးကင် မရာတွေကို တိုးမြှင့်တပ်ဆင်သွားမယ်လို့ ဆိုးလ်မြို့တော်ဝန် က သြဂုတ်လ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါ တယ်။
ရဲတပ်ဖွဲ့အနေနဲ့ သံသယတရားခံကို သြဂုတ်(၂၃)ရက်နေ့မှာပဲ သတ်မှတ်ဖော်ထုတ်နိုင်ခဲ့တာပါ။
CCTV တပ် ဆင်ထားခြင်းမရှိတဲ့ ဆိုးလ်မြို့ဆီလင်မ်ခရိုင်ရှိ အများသူငှာစောင့်ဆိုင်းရာနေရာ လည်းဖြစ်၊ လူစည်ကားရာ နေရာလည်းဖြစ်တဲ့ အဲဒီဒေသမှာ ကျောင်းဆရာမဖြစ်သူ အမျိုးသမီးဟာ ရက်စက်စွာရိုက်နှက်ခံရပြီး မတရား ပြုကျင့်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ အမျိုးသမီးတွေရဲ့ လုံခြုံရေးဘတ်ဂျက်ကို ဖြတ်တောက်ဖို့ ကြေငြာခဲ့တဲ့ သက်ဆိုင် ရာ ခရိုင်ရဲ့ ကောင်စီလူကြီးအပေါ် ဒေါသတကြီး ပြောဆိုမှုတွေဖြစ်ပေါ်ခဲ့ပြီး တောင်ကိုရီးယား တစ်နိုင်ငံလုံးကိုလည်း ရှော့ခ်ရ သွားစေခဲ့တာပါ။
“ဒီအမှုဟာ သေချာစီစဉ်ခဲ့ပြီး တရားခံကလည်း အများပိုင်ဧရိယာအတွင်းမှာ အမျိုးသမီးတစ်ဦးကို ကျဘမ်း ရွေးချယ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ကာ သေဆုံးတဲ့အထိဖြစ်ပေါ်ခဲ့စေတယ်” လို့ ယွန်းဟတ် သတင်းဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
တောင်ကိုရီးယားမှာတော့ သံသယတရားခံတွေရဲ့ အချက်အလက်တွေကို ထုတ်ဖော်လေ့မရှိ ပေမယ့်လည်း ရဲတပ်ဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့ ပြောကြားချက်အရ ထပ်ခါတလဲလဲ ကျူးလွန်ထားတဲ့ ပြစ်ဒဏ်တွေအပေါ်မှာတော့ လူထု အကြောက်တရားတွေလျော့ကျအောင် ကောင်းကျိုးကို ရှေးရှုတဲ့အနေနဲ့ အဲဒီတရားခံကို သတ်မှတ်ဖော်ပြမှာဖြစ် တယ်လို့ဆိုပါတယ်။
သေဆုံးသွားသူဟာ အသက် ၃၀ အရွယ် မူလတန်းဆရာမတစ်ဦးဖြစ်ပြီး ပြင်းထန်ဝေဒနာတွေ ခံစားထားရကာ ဆေးရုံရောက်ပြီး ၂ ရက်အကြာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုးလ်မြို့တော်ဝန်ကတော့ မှုခင်းဖြစ်ပွားနိုင်တဲ့ မျက်ကွယ်နေရာတွေကို လျှော့ချနိုင်ဖို့ ပန်းခြံတွေ ၊ တောင်တက် လမ်းတွေမှာပါမကျန် လုံခြုံရေးကင်မရာတွေကို တိုးမြှင့်တပ်ဆင်သွားမယ်လို့ ပြောကြားထားတာပါ။
“ဆိုးလ်မြို့ဆိုတာ အမျိုးသမီးတစ်ယောက်တည်းပင် ဖြစ်လင့်ကစား လုံလုံခြုံခြုံ လမ်းလျှောက်သွားနိုင်တဲ့ နာ မည်ကြီး မြို့တော်ဖြစ်ပါတယ်။ ဒီလိုမှုခင်းများသာ ဆက်လက်ဖြစ်နေရင်တော့ လုံခြုံတဲ့ မြို့ဆိုတဲ့ ပုံရိပ်လည်း ကျဆင်းသွားနိုင်ပါတယ်” လို့မြို့တော်ဝန်က ဆိုခဲ့ပါတယ်။
တောင်ကိုရီးယားဟာ ယေဘူယျအားဖြင့် အလွန်လုံခြုံတဲ့နိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း လူပေါင်း တစ်သိန်း လျှင် ၁.၃ ဦးသာ လူသတ်မှုနှုန်းရှိကြောင်း တရားဝင်စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
Ref: AFP