ဘန်ကောက် – ဩဂုတ်(၂၅)
ထိုင်းနိုင်ငံခြားဖြတ်အစိုးရရဲ့ ထုတ်ပြန်ျခက်မှာ ဘန်ကောက်ခရိုင် ဒေသန္တရနဲ့ နခွန်ရချာဆီမှာ ခရိုင်ဒေသန္တရကို ဖြတ်သန်းသွားမယ့် ထိုင်း-တရုတ် ရထားစီမံကိန်း ပထမတဖြတ်ကို လာမယ့် ၂၀၂၆ ခုနှစ်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
ရထားလမ်းစီမံကိန်းရဲ့ ဒုတိယတဖြတ်ကို နခွန်ချာဆီမှာမှ နွန်ခိုင်အထိ ဖောက်လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ စတင်နိုင်မယ်လို့ ဆိုထားကာ စီမံကိန်း ပထမတဖြတ်ကို (၁၇၉.၄၁)ဘီလျံ ကုန်ကျနိုင်တယ်လို့ တွက်ချက်ထားကာ (၂၅၃) ကီလိုမီတာရှည်တဲ့ ဘန်ဆူတူတာကြီး၊ ဒွန်မောင်း၊ အယုဒ္ဒယ၊ဆာရာဘူရီ၊ပက်ချွန်နဲ့ နခွန်ချဆီမာ စတဲ့ ဘူတာ(၆)ခု ပါဝင်မှာဖြစ်ပါတယ်။
ပထမတဖြတ်ဆောက်လုပ်မယ့် ဘန်ကောက်နဲ့ နခွန်ရချာဆီမာ အထိ ကြာချိန်ဟာ တစ်နာရီခွဲရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်ရထားလမ်း ဒုတိယတစ်ဖြတ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ် ချက် တွေပြုလုပ်နေပြီး အစိုးရသစ်က အတည်ပြုပေးသွားနိုင်မှာဖြစ်တယ်လို့ သိရကာ အဲဒီ ရထားလမ်းဟာ အရှည် (၃၅၆) ကီလိုမီတာရှိကာ နခွန်ရချာဆီမာရဲ့ ဘူရိုင်၊ဘန်ဖိုင်၊ခွန်ကဲ့မြို့ တော်၊ဥဒုံဌာနီနဲ့ နွန်ခိုင် စတဲ့ ဘူတာ(၅)ခုပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းအာဏာပိုင်တွေကလည်း ၂၀၃၃ ခုနှစ်မှာ ချင်းမိုင်လေဆိပ်ဟာ တစ်နှစ်ကို ခရီးသည် သန်း(၂၀) ကျော်အတွက်ဝန်ဆောင်မှုပေးနိုင်ဖို့အထိ အဆင့်မြှင့်တင်မယ့် (၁၀)နှစ်စီမံကိန်းကို ဒီသီတင်းပတ်မှာ အတည်ပြုထားပါတယ်။
ချင်းမိုင်လေဆိပ်မြင့်တင်ရေးစီမံကန်းကို နှစ်ဆင့်အဖြစ်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ပထမ တဆင့်မှာ ၂၀၂၂-၂၀၂၉ အထိစီမံကိန်းတည်ဆောက်မှုနဲ့ အဆောက်အအုံဖွံ့ဖြိုးတိုးတက် မှုတွေနြ့ ဆက်စပ်တဲ့ ဆန်းစစ်ချက်တွေကို ပြုလုပ်သွားမှာပါ။
တည်ဆောက်ရေးကာလ အပိုင်းအခြားနှစ်ခုပါဝင်တဲ့ လေဆိပ်အဆင့်မြှင့်တင်ရေးမှာ ပထမ အပိုင်းအခြားကာလကို ၂၀၂၆ ကနေ ၂၀၂၉ အထိ (၃)နှစ်ကြာ အချိန်ယူပြီး တည်ဆောက်ရေး ပထမအပိုင်းအခြားပြီးချိန် ၂၀၃၀ ခုနှစ်မှာ ခရီးသည်တွေကို တစ်နှစ်လျှင် ၁၆.၅ မီလျံအထိ ဝင်ရောက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
လေဆိပ်အဆင့်မြင့် တည်ဆောက်ရေး ဒုတိယကာလကို ၂၀၃၀မှ၂၀၃၃ ခုနှစ်အထိ သတ်မှတ်ပြီး နောက်ထပ်ခရီးသည်သန်း(၂၀) အတွက် ချဲ့ထွင်သွားမှာဖြစ်သလို ၂၀၃၃ ခုနှစ်မှာ ချင်းမိုင် နိုင်ငံ တကာလေဆိပ်ဟာ လေယာဉ်ပြေးလမ်း(၃၈)လမ်းနဲ့အတူ တစ်နာရီအတွင်း လေယာဉ်ပျံသန်းမှု (၃၁) ကြိမ်အထိပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref:Thai Enquirer