မော်လမြိုင် – ဩဂုတ်(၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူတွေထောက်ပံ့ထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို စုစည်းပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ PDF တပ်ရင်းတွေထံ ဒရုန်းအစင်းရေ(၄၀၀) ကျော်ဖြန့်ကျက်ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပို့ဆောင်ထားတဲ့ ဒရုန်းတွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချီရေးတာဝန်တွေကို ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
လက်တလောမြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေကို အထိအနာဆုံးဖြစ်စေတဲ့ ဒရုန်းတပ်ရင်းတွေလည်း NUG လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဒရုန်းလက်ရုံးတပ်သားတွေနဲ့ ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ချိန်းခြောက်တိုက်ပွဲဝင်နေတဲ့ PDF-Drone တွေကို ပြည်သူတွေ သိရှိစေဖို့ ထုတ်ပြန်ပေးထားတာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – MOD