IZYUM, UKRAINE - SEPTEMBER 11: (FRANCE OUT UNTIL 30 DAYS AFTER THE IMAGE CREATE DATE) A Russian soldier, taken prisoner, on a tank with Ukrainian soldiers after the city was recaptured from Russian forces on September 11,2022 in Izyum, Ukraine. A Ukrainian counteroffensive has made significant advances in the east of Ukraine taking back land that have been under Russian control. (Photo Laurent Van der Stockt for Le Monde/Getty Images)

ဝါရှင်တန်၊ သြဂုတ်(၂၄) 

မော်စကိုကိုတိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းရဲ့မောင်းသူမဲ့ လေယာဉ်တွေကို ရုရှားကပစ်ချခဲ့ တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောဆိုခဲ့ပြီးနောက် အမေရိကန်က ရုရှားနိုင်ငံအတွင်း တိုက် ခိုက်မှုတွေကို မထောက်ခံဘူး လို့ ဩဂုတ်လ (၂၃) ရက်နေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

 ရုရှားနိုင်ငံအတွင်းသွားရောက်တိုက်ခိုက်မှုတွေကို တွန်းအားပေးတာ ဒါမှမဟုတ် ထောက်ခံတာ မျိုးလည်း မလုပ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာ ပါ။ 

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ရုရှားကျူးကျော်မှုနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုခုခံကာ ကွယ်ဖို့ ဆုံးဖြတ် ချက်ကတော့ ယူကရိန်းအပေါ်မူတည်နေပြီး ရုရှားကစစ်ပွဲကို အချိန်မရွေး အဆုံးသတ်နိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ကရင်မလင်မှာ မေလအစောပိုင်းက မောင်းသူမဲ့လေယာဉ်နှစ်စင်း ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်း ရုရှားနိုင်ငံအတွင်း ပြင်းထန်တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာခဲ့တာပါ။ 

မကြာသေးမီလတွေအတွင်း ရုရှားနိုင်ငံမြို့တော်ကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပိုများလာခဲ့တာဖြစ် ပါတယ်။

 ရုရှားကျူးကျော်မှုကို ခုခံဖို့တိုက်ခိုက်ဖို့ ယူကရိန်းကို လက်နက်နဲ့ အခြားစစ်လက်နက် ကိရိယာ အမြောက်အမြား ပံ့ပိုးပေးနေတဲ့ အမေရိကန်ကတော့ ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေကို မထောက်ခံကြောင်း တစိုက်မတ်မတ် ပြောဆိုထားခဲ့တာဖြစ်ပါတယ်။ 

မော်စကိုကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ ဒရုန်းသုံးစင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ်လ (၂၃) ရက်နေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့အစောပိုင်းက မော်စကိုမြို့လယ်ရှိ ဆောက်လက်စ အဆောက်အအုံတစ်ခုကို ဒရုန်းတစ်စီးက ဝင် တိုက်မိခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျီ ဆိုဘီယန်နင်က သူ့ရဲ့တယ်လီဂရမ်မှတဆင့် ပြောကြားခဲ့ ပါတယ်။

 မော်စကိုလေဆိပ်တွေဟာ ဒီဖြစ်ရပ်ကြောင့်လေကြောင်းခရီးစဉ်တွေရပ်ဆိုင်းခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ TASS က ဖော်ပြခဲ့ပါတယ်။ 

ယူကရိန်းမောင်းသူမဲ့လေယာဉ် လှုပ်ရှားမှုကြောင့် မကြာသေးမီ ရက်ပိုင်းအတွင်း ရုရှားနိုင်ငံ မြို့တော်တဝိုက်ရှိ အဓိကလေဆိပ်များ ထွက်ခွာခြင်းနဲ့ဆိုက်ရောက် ပျံသန်းမှုတွေကို ပိတ်ထားခဲ့ တာဖြစ်ပါတယ်။ 

မော်စကိုနယ်မြေအပေါ် ယူကရိန်းဒရုန်းနှစ်စင်းကိုလည်းပစ်ချနိုင်ခဲ့ပြီး ယူကရိန်းနယ်စပ်ရှိ ဘရီးယန့်ဒေသမှာ လည်း နောက်ထပ်မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ (၂၂)နေ့မှာ ပြောကြားခဲ့ပါတယ်။

 ရုရှားပိုင်နက်ကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းက မှတ်ချက်မပေးသော်လည်း မေလအစောပိုင်းက ကရင် မလင်နန်းတော်အပေါ် ဒရုန်းနှစ်စင်း ဖျက်ဆီးခံရပြီးကတည်းက အခုလို့ စီးနင်းမှုတွေ အရှိန်မြှင့်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

တိုက်ခိုက်မှုတွေကြောင့် လေကြောင်းခရီးစဉ်တွေကို ခေတ္တပြတ်တောက်ခဲ့ပြီး အဆောက်အဦးတွေကို အသေး စား ထိခိုက်မှုသာ ဖြစ်ခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.