မြိုင် – ဩဂုတ်(၁၀)

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီဂိတ်နှစ်ခုကို ရှော့တိုက်ဒုံးအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် (ပ.က.ဖ) ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က မြိုင်မြို့ပေါ်မှာရှိတဲ့ မန္တလေးဂိတ်နဲ့ ပခုက္ကူဂိတ်တွေကို ၈၀-မမ ရှော့တိုက်၊၁၂၀-မမ အဖူးတို့အပါအဝင် အလုံး(၅၀) ကျော်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တာပါ။

“အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command ရဲ့ လမ်းညွှန်ချက်နဲ့ ဗိုလ်Cross၊ဗိုလ်လင်းယုန်အဖွဲ့တို့ ဦးဆောင်ပြီးတိုက်ခိုက်ခဲ့တာပါ။ မန္တလေး ဂိတ်၊ပခုက္ကူဂိတ်အတွင်းနဲ့ ဂိတ်အနီးပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်” လို့ မြိုင် (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲဒီလို့ စစ်ကောင်စီ ဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့ ဂိတ်စခန်းတွေတိုက်ခိုက်ခံခဲ့ရတဲ့အတွက် စက်လက်နက်၊ ၈၁-မမ နဲ့ ၆၀-မမ တွေကို အသုံးပြုပြီး ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဗိုလ်လင်းမြွေ/ခရိုင်တပ်ရင်း(၁၃)၊ MVP၊မဟူရာအလင်းတန်း၊ ဇာမဏီ၊M ဒေါင်းနီ၊တုတ်ကြီးနဲ့ DMG တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်မှုတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အညာဒေသမဟာဗျူဟာ ကြီးကြပ်ရေးအဖွဲ့((Anyar Region Strategic & Military Command ) ရဲ့ လမ်းညွှန်ချက်နဲ့ အရှိန်အဟုန်မြှင့်တင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မြိုင်(ပ.က.ဖ) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင်(ပ.က.ဖ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.