ဂျကာတာ – ဩဂုတ်(၁၂) 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရုံးအနေနဲ့ လာမယ့်နှစ်မှာ ဥက္ကဋ္ဌ ရာထူး သက်တမ်း ကုန်ဆုံးမှာဖြစ်ရင်တောင် ဆက်လက်ထားရှိဖို့ အမေရိကန် အယ်လီနိုးစ်ပြည်နယ် အထက်လွှတ် တော်အမတ်တမ်မီဒက်ဝါ့ထ်က ဂျကာတာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ 

လာမယ့်နှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာအို နိုင်ငံက တာဝန်ယူမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်လာမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရုံးကို အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအောက်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဦးဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒက်ဝါ့ထ်က အာဆီယံပါလီမန်များညီလာခံ(AIPA) ကိုတက်ရောက်ဖို့ ဂျကာတာကို သွားရောက် ခဲ့တာဖြစ်ပြီး ယူအက်စ်ဟာ AIPA မှာလေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါ တယ်။

အဲဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေနဲ့ တခြားလေ့လာသူနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရေးကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သူမက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၉) ရက်နေ့က ဂျကာတာမှာ ကျင်းပတဲ့(၄၄)ကြိမ်မြောက် AIPA အထွေထွေ ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လေ့လာသူနိုင်ငံတွေဟာ ကာလရှည်အကျပ်အတည်းနဲ့ ရင်ဆိုင် နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားဟာ တူညီတဲ့အားထုတ်မှုကို လူတိုင်းအတူတကွ ပူးပေါင်းပါဝင်ကာ တွန်းအားပေးဖို့ အတွက် ခိုင်မာတဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ ကန်လွှတ်တော်အမတ်ကဆို ပါတယ်။ 

“အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့ကို ကျွန်ုပ်ပြောခဲ့တာကတော့ အာဆီယံဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ နှစ်တွေထက်တောင် ဒီ (အထူးသံတမန်)ရုံးကို ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်က အလွန်စိုးရိမ်နေတယ်လို့လည်း ပြောပါတယ်။

“ဒီကြိုးပမ်းမှုမှာ သင့်အနေနဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဆက်လက်သယ်ဆောင်သွား နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ သူမကပြောပါသေးတယ်။

Ref: Antarranews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.