ကိဗ်၊ သြဂုတ်(၁၂)

ယူကရိန်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် စစ်ပွဲဖြစ်ပွားကတည်းက နိုင်ငံရဲ့ဆိပ်ကမ်းတွေမှာ ပိတ်မိနေတဲ့ ပင်လယ်နက် ထဲသို့ ရွက်လွှင့်မယ့် ကုန်တင်သင်္ဘော ဒါဇင်ပေါင်းများစွာကိုခွင့်ပြုပေးနိုင်ဖို့ အတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာစင်္ကြံကို သြဂုတ်လ (၁၀)ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ယူအန်နဲ့တူရကီတို့က ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ စပါးတင်ပို့မှုခွင့်ပြုဖို့ သဘောတူညီချက်မှ ရုရှားနိုင်ငံ နုတ်ထွက်ပြီး ကတည်းက အဲဒီဆိပ်ကမ်းတွေက သင်္ဘောလမ်းကြောင်းတွေကို စိစစ်နေဆဲဖြစ်ပါတယ်။ 

အနည်းဆုံးအစကနဦးမှာ အဲဒီစင်္ကြံဟာ ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းဆိပ်ကမ်းတွေမှာ ပိတ်မိနေတဲ့ ကွန်တိန်နာသင်္ဘောတွေနဲ့ သက်ဆိုင်ပြီး မနှစ်ကစပါးတင်ပို့မှုအတွက် ဆိပ်ကမ်းတွေ ဖွင့်လှစ်တဲ့ သဘောတူညီ ချက်နဲ့ အကျုံးမဝင်ဘူးလို့လည်း သိရပါတယ်။ 

ဒါပေမယ့်လည်း ပြီးခဲ့တဲ့လကသဘောတူညီချက်ကို စွန့်လွှတ်ခဲ့တဲ့ရုရှားက သူ့ရဲ့အုပ်ချုပ်မှု အောက် ပိတ်ဆို့ထား မှုကို ပြန်လည်ပြဌာန်းဖို့ ကြိုးစားနေချိန်မှာပဲ ယူကရိန်းရဲ့ ပင်လယ်လမ်း တွေကို ပြန်လည်ဖွင့်နိုင်ဖို့အတွက် အဓိ က စမ်းသပ်မှုတစ်ခု ဖြစ်နိုင်တာပါ။

 “ဒီနေ့မှာ ယာယီလူသားချင်းစာနာထောက်ထားမှု စင်္ကြံအသစ်တစ်ခု စတင်လုပ်ဆောင်နေပါပြီ” လို့ ယူကရိန်းရေတပ်မှ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါတယ်။ 

“အခုစင်္ကြံဟာ အလွန်ပွင့်လင်းပြီး သင်္ဘောတွေပေါ်မှာ ကင်မရာတွေတပ်ထားမှာဖြစ်ကာ ဒါဟာ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ မစ်ရှင်သက်သက်ဖြစ်ပြီး စစ်ရေးရည်ရွယ်ချက်မရှိဘူး ဆိုတာကို ပြသဖို့ ထုတ်လွှင့် သွားမှာပါ” လို့ သူက ဆိုပါတယ်။ 

အဲဒီလမ်းကြောင်းတွေကို ယူကရိန်းမှ နိုင်ငံတကာ ရေကြောင်းသွားလာရေးအဖွဲ့ (IMO) သို့ တိုက် ရိုက် အဆို ပြုထားပြီးဖြစ်ကြောင်း ယူကရိန်းရေတပ်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ရုရှားရဲ့ အပြည့်အ၀ ကျူးကျော်တိုက်ခိုက်မှုစတင်ချိန်မှစပြီး ယူကရိန်းဆိပ်ကမ်း တွေဖြစ်တဲ့ ခေါမ်နမ်မော့ခ်၊ အိုဒက်ဆာနဲ့ ပီဗ်ဒန်နီတို့မှာရှိနေတဲ့ အရပ်သားသင်္ဘောတွေအတွက် အဲဒီလမ်း ကြောင်းတွေကို အဓိကအားဖြင့် အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“လက်ရှိအခြေအနေအရ ရွက်လွှင့်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာနဲ့ ပိုင်ရှင်တွေက တရားဝင်အတည်ပြုထားတဲ့ လမ်းကြောင်းတွေကို ဖြတ်သန်းခွင့်ပြုမှာပါ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီလိုထုတ်ပြန်ရတာဟာ ပင်လယ်နက်ရှိ မိုင်းတွင်းမှ မိုင်းအန္တရာယ်နဲ့ ရုရှားရဲ့စစ်ရေးခြိမ်းခြောက်မှု အန္တရာယ် တို့ကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောကြားထားတာပါ။ 

ရုရှားက သင်္ဘောတွေကို မတိုက်ခိုက်ဖို့ ခိုင်မာတဲ့ ကတိကဝတ်တွေ မပေးဘူးဆိုရင် လူတွေက ယူကရိန်း ယာယီသင်္ဘောလိုင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပိုလိုချင် တယ်လို့ ဂျာမန် ဆန်ကုန် သည်တဦးက ရိုက်တာကို ပြောပါတယ်။ 

ယူကရိန်းရေတပ် ပြောခွင့်ရကတော့ စင်္ကြံကို ရုရှားနဲ့ သဘောတူထားကြောင်း အရိပ်အယောင် မပြခဲ့ပါဘူး။ 

ပြီးခဲ့တဲ့လက ယူကရိန်းရဲ့လယ်ယာထွက်ကုန်တွေကို ဘေးကင်းစွာ တင်ပို့ခွင့်ပြုခဲ့တဲ့ တစ်နှစ် ကျော်သက်တမ်း ရှိတဲ့ ပင်လယ်နက် စပါးသဘောတူညီချက်မှ နုတ်ထွက်ခဲ့ကာ ရုရှားနိုင်ငံရဲ့ စပါးနဲ့ဓာတ်မြေသြဇာ တင်ပို့မှုကို ဖြေလျှော့ပေးတဲ့ စင်ပြိုင်သဘောတူညီချက်ကို အကောင် အထည်မဖော်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ 

သဘောတူညီချက်မှ နုတ်ထွက်ဖို့ ရုရှားရဲ့ဆုံးဖြတ်ချက်ဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြစ်ပေါ်စေကာ ဆင်းရဲတဲ့နိုင်ငံတွေကို အဆိုးရွားဆုံး ထိခိုက်စေပြီး ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူထံမှ စပါးတွေ ကို ဈေးကွက်ပြင်ပမှာ ထားရှိခြင်းဟာ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ဖန်တီးနိုင်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.