ဖြူး – ဩဂုတ်(၁၁)

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို ရိုးမ(၁)၊တပ်ခွဲ(၃) အာဠာဝကစစ်ကြောင်းနဲ့ ဖြူးမြို့နယ်(ပ.က.ဖ) ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီ ရဲ(၂)ဦး ပွဲချင်းပြီးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ(၉) ရက်နေ့ နေ့လည်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီသတင်းပေး၊ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မကြာခဏတိုက်ခိုက်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အနီးအနားမှာ မနေကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ကြဖို့ ပဲခူး PDF ကလည်း အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.