နယူးဒေလီ – ဩဂုတ်(၁၁) 

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မဏိပူရပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပေါ်နေတာလို့ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မဏိပူရပဋိပက္ခရှိ နှစ်ဘက်လုံးကို ဆွေးနွေးအဖြေရှာပြီး တွေ့ဆုံဖြေရှင်းကြဖို့ သူကတောင်းဆိုခဲ့ တာပါ။ 

မြန်မာနိုင်ငံဟာ မဏိပူရပြည်နယ်လို အိန္ဒိယအရှေ့မြောက်ဘက်မှာရှိတဲ့ နယ်စပ်တွေနဲ့ ဆက်စပ် နေတာဖြစ်ပါတယ်။ 

လက်တလော မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည် တွေဟာ နယ်စပ်ဖြတ်ကျော်ကာ မဏိပူရ ပြည်နယ်အတွင်း ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယ ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့မေလကစပြီး ထောင်နဲ့ချီတဲ့လူတွေဟာ အိမ်ခြေမဲ့ဖြစ်ခဲ့သလို ရာနဲ့ချီတဲ့ လူတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ(၁၈၀) ကျော်သေဆုံးထားတယ်လို့ သိရပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးက အဓိကလူမျိုးစုနှစ်ခုလုံးကို သတိပေးထားပြီး ငြိမ်းချမ်းရေး အတွက် စားပွဲဝိုင်းကိုလာကြဖို့နဲ့ ဆွေးနွေးညှိနှိုင်းပြီးရှေ့ဆက်ကြဖို့လည်း ပြောထားပါတယ်။

ပြည်နယ်လူဦးရေရဲ့ (၁၆) ရာခိုင်နှုန်းပါဝင်တဲ့  Kukisတို့ကို ပေးအပ်တဲ့ အထူးအခွင့်အရေးတွေ ကို မဏိပူရမှာရှိတဲ့ လူများစုဖြစ်တဲ့ Meiteis ထံတိုးမြှင့်ပေးဖို့ ဖေဖော်ဝါရီလက တရားရုံးတစ်ခု ကို အကြံပြုပြီးနောက် အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာပြည်က အစုလိုက်အပြုံလိုက်ရောက်ရှိလာတဲ့ လူတွေဟာလည်း Meiteis တွေကြားမှာ မလုံခြုံမှုတွေဖြစ်ပေါ်နေပြီး ပဋိပက္ခတွေပိုမို တိုးပွားစေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ 

ဝန်ကြီးက စစ်တပ်နဲ့ အရံတပ်(၃၆၀၀၀) နီးပါးတောင်းဆိုထားတဲ့အတွက် အကြမ်းဖက်မှုတွေ ကျဆင်းသွားတာဖြစ်တယ်လို့ ဆိုထားသလို ဝန်ကြီးဌာနအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အနီးကပ်စောင့်ကြည့်နေပြီး ပဋိပက္ခဖြစ်ပွားချိန်ကိုလည်း တိုတောင်းအောင်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ 

Meiteis နဲ့  Kukis ကိုလည်း အကြမ်းဖက်မှုတွေစွန့်ခွာပြီး တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို လက်ခံ ကြဖို့ တိုက်တွန်းထားပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.