ပေကျင်း – ဩဂုတ်(၁၁) 

ရှန်ဟိုင်းစက်မှုဇုန်အတွင်း မထင်မှတ်ထားတဲ့ စမ်းသပ်မှုနောက်မှာ CellX ကုမ္ပဏီဟာ တိရိစ္ဆာန် တွေရဲ့ ဆဲလ်းတွေကတဆင့် ဓာတ်ခွဲခန်းအတွင်းထုတ်လုပ်တဲ့ အသားကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ အဲဒီအသားတွေကို တစ်ပွဲစာထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ (၁၃.၈၇) ဒေါ်လာထက်နည်းတဲ့ ပမာဏ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဟာ လက်တစ်ဆုပ်စာရှိတဲ့ ဓာတ်ခွဲခန်းအသား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ ရှေ့ပြေးဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ အသားတစ်ပေါ်လျှင် ဒေါ်လာ ၁၀၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။ နောက် ၃ နှစ် ၄ နှစ်အတွင်းမှာ စီးပွားဖြစ် မိတ်ဆက်ပြီးဆိုတာနဲ့ ဒီဈေးနှုန်းက ၁၀ ဆလောက် ကျဆင့်သွား မှာပါ” လို့CellX CEO လို့ပြောခဲ့ပါတယ်။

အဲဒီကုမ္ပဏီဟာ ဒီသီတင်းပတ်အတွင်း ရှန်ဟိုင်းမှာ စမ်းသပ်လုပ်ငန်းတစ်ရပ်ကို ဖွင့်လှစ်ထားပြီး အသားကို နှစ်တန်ခန့်ထုတ်လုပ်ထားတာပါ။ 

၂၀၂၅ ခုနှစ်မှာ စီးပွားဖြစ် ထုတ်လုပ်ဖို့အတွက် နောက်ထပ်လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ဖို့ မျှော်လင့်ထားပြီး ဓာတ်ခွဲခန်းတွေမှ တစ်နှစ်ကို အသားတန်ချိန် ရာနဲ့ချီ ထုတ်လုပ်နိုင်မှာဖြစ်တယ် လို့သိရပါတယ်။

CellX ဟာ ဓာတ်ခွဲခန်းထုတ်အသားထွက်ကုန်တွေ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ရောင်းချ ခွင့်ပြုနေတဲ့ အမေရိကန်နဲ့ စင်္ကာပူနိုင်ငံတို့မှာ ၂၀၂၅ ခုနှစ်အတွင်း ထုတ်ကုန်တွေကို စားသောက် ဆိုင်တွေမှာ စတင်ရောင်းချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီနှစ်အတွင်း လျှောက်လွှာတင်မှာဖြစ်တယ်လို့ Yang ကပြောပါသေးတယ်။

တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေထက် အသားပိုစားသုံးတာကြောင့် ၂၀၂၁ ခုနှစ်မှာ အသား တန်ချိန် သန်း(၁၀၀) နီးပါးအထိ ဓာတ်ခွဲခန်းထုတ် အသားတွေကို ထုတ်လုပ်နိုင်တဲ့ စျေးကွက် ရရှိ ထားတယ်လို့ သိရပြီး ဥပဒေပြဌာန်းသူတွေနဲ့ တာဝန်ရှိသူတွေကတော့ အဲဒီအသားတွေကို စားသုံး ဖို့ ဘယ်အချိန်မှာ ခွင့်ပြုပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။

ဒါ့အပြင် တရုတ်နိုင်ငံဟာ ဓာတ်ခွဲခန်းထုတ်အသားတွေကို လုပ်ငန်းကုန်ကျစရိတ် အနည်းဆုံး နေရာအဖြစ် ကတိကဝတ်ပြုထားတယ်လို့ CellX CEO က ပြောခဲ့ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.