မော်လမြိုင် – ဩဂုတ်(၃)

အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနက မြေပြင်ကျောင်းပေါင်း (၃၇၅) ကျောင်း ကို ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ(၂) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာကို အသိအမှတ်ပြု လျှောက်လွှာတင်ထားတဲ့ ကျောင်းတွေကို စိစစ်ပြီး အသိအမှတ်ပြုရေး မူဝါဒ(၁၁) ချက်ကို လိုက်နာမယ်လို့ ဝန်ခံကတိပြုခဲ့တဲ့ မြေပြင်ကျောင်းပေါင်း (၃၇၅) ကျောင်းကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းတွေအဖြစ် အသိအမှတ်ပြုခဲ့တာပါ။

ဒါ့အပြင် စိစစ်ဆဲ အွန်လိုင်းကျောင်းတွေနဲ့ မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေကိုလည်း အသိ အမှတ်ပြုကြောင်း ထပ်မံထုတ်ပြန်သွားဖို့ရှိတယ်လို့ အသိပေးထားပါတယ်။

NUG အစိုးရ၊ပညာရေးဝန်ကြီးဌာနက ကြားကာလမှာ ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသားတွေ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ဖို့အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို NUG ပညာရေးဝန်ကြီးဌာနက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသက ကလေးငယ်တွေ ပညာသင်ယူနိုင်ဖို့ လုပ်ဆောင်နေပေမယ့် အာဏာသိမ်းစစ်ကောင်စီတပ်တွေကတော့ စာသင်ကျောင်းတွေ ကိုမီးရှို့တာအပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.