မော်လမြိုင် – ဩဂုတ်(၂)

မွန်ပြည်နယ်၊သံလွင်တံတား(မော်လမြိုင်) ပေါ်ကနေ သံဃာတော်တစ်ပါး သံလွင်မြစ်ထဲ ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင်အခြေစိုက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဩဂုတ်လ(၂) ရက် မနက်(၁၁) နာရီဝန်းကျင်းက ပေါင်မြို့နယ်၊ မုတ္တမမြို့၊ ရွှေရင်အေးကျောင်းက ဥူးအာစိန္တနဲ့ ကိုရင်ကြီး ဥူးကောသလ္လ(ခ) ဦးကံဖန်တို့နှစ်ပါးဟာ သုံးဘီးယာဉ်နဲ့ မော်လမြိုင်မြို့ကို ဆေးရုံလာပြချိန်မှာ ကိုရင်ကြီး ဥူးကောသလ္လဟာ တံတားပေါ် ကခုန်ချခဲ့တာပါ။

ကိုရင်ကြီး ဥူးကောသလ္လဟာ သံလွင်တံတား(မော်လမြိုင်) ရေလယ်တိုင်အမှတ် (PR-11)နဲ့ (PR-12) ကားမှာ အလေးစွန့်ချင်တယ်လို့ပြောပြီး သုံးဘီးကိုရပ်တန့်ခိုင်းကာ မုတ္တမကနေ မော်လမြိုင်ဘက်အသွား တံတားရဲ့ ညာဘက်ခြမ်း လူသွားစင်္ကြန်ဘက်ကို ကူးသွားပြီးနောက် တံတားလက်ရန်းဘောင်ကို ကျော်ကာ သံလွင်မြစ်အတွင်းခုန်ချသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တံတားပေါ်က ခုန်ချသွားတဲ့ ကိုရင်ကြီး ဥူးကောသလ္လကို အရေးပေါ်လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေတယ်လို့ မော်လမြိုင်မြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့ ဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

သံလွင်မြစ်ထဲ ခုန်ချသွားတဲ့ ကိုရင်ကြီး ဥူးကောသလ္လကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန Rescue Team နဲ့ မော်လမြိုင်မြို့အခြေစိုက် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး သံလွင်မြစ်အတွင်း ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ ရှာမတွေ့သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.