ဘေဂျင်း- သြဂုတ်(၂)
နည်းပညာလက်လှမ်းမီနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ တင်းအားတွေမြင့်တက်လာ ချိန်မှာ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း ပြည်ပတင်ပို့မှုကို ထိန်းချုပ်သွားမယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
ဒီလိုကန့်သတ်ရတာဟာ “နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွား”ကို ကာကွယ်လိုတာကြောင့်ဖြစ် တယ်လို့လည်း ပြောဆိုထားတာပါ။
ပစ္စည်းကိရိယာတွေအပေါ်ကန့်သတ်ချက်မှာ တချို့သော ဒရုန်းအင်ဂျင်တွေ၊ လေဆာတွေ၊ ဆက် သွယ်ရေး ကိရိယာတွေနဲ့ ဒရုန်းဆန့်ကျင်ရေးစနစ်တွေပါဝင်ပြီး အဲဒီကန့်သတ်ချက်ဟာ စက်တင် ဘာလ ၁ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မှုရှိမယ်လို့ တရုတ်စီးပွားကူးသန်းဝန် ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီလိုထိန်းချုပ်မှုတွေဟာ ဒရုန်းဝယ်ယူလိုသူတွေအပေါ် သက်ရောက်မှုရှိနေတာပါ။ ဒါ့အပြင် စစ်ရေးရည်ရွယ် ချက်တွေနဲ့ အသုံးပြုဖို့အတွက် ဒရုန်းတွေကိုလည်း တင်ပို့ခွင့်မရှိကြောင်း ကန့်သတ်ထားပါတယ်။
တရုတ်စီးပွားကူးသန်း ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ တရုတ်အာဏာပိုင်တွေဟာ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဒေသတွေကိုလည်း အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ဟာ အကြီးစား ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းကို ပိုင်ဆိုင်ထားပြီး အမေရိကန်ပြည်ထောင်စု အပါအဝင် ပြည်ပဈေးကွက်အမြောက်အများကို တင်ပို့နိုင်ခဲ့တာပါ။
အခုလို ဒရုန်းတွေတင်ပို့မှုကို ကန့်သတ်တာနဲ့ ဆက်စပ်ပြီး တရုတ်ရဲ့ ကာကွယ်ရေးဦးစီးဌာနနဲ့ စီးပွားကူး သန်းဌာနကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ ပါဘူး။
အမေရိကန်ရဲ့၂၀၁၉ ခုနှစ် ကွန်ဂရက်မှာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ဒရုန်းတွေနဲ့ ဆက်စပ် ပစ္စည်းတွေကို ဝယ်ယူခြင်း ဒါမှမဟုတ်အသုံးပြုခြင်းတွေကို ကန့်သတ်ထားဖူးပါတယ်။
တရုတ်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ DJI မှ ထုတ်လုပ်တဲ့ ဒရုန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို အမေရိကန် နိုင်ငံမှာ ရောင်းချခြင်းဖြစ်ပြီး လူထုလုခြုံရေးအေဂျင်စီတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေ ကြတာပါ။
DJI ကတော့ ဥပဒေတွေနဲ့ နည်းဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ပြီး တရုတ်ရဲ့ ပြည်ပပို့ ကုန်ထိန်းချုပ်ရေး နည်းဥပဒေလိုအပ်ချက်တွေအတိုင်းလည်း လေ့လာသွားမယ်လို့ ပြောဆိုထား တာပါ။
“ကျွန်တော်တို့ ဟာ စစ်ရေးရည်ရွယ်ချက်အတွက် ကျွန်တော်တို့ရဲ့ပစ္စည်းကိရိယာတွေကို သတ်မှတ်ထုတ်လုပ် ခြင်းမရှိသလို နိုင်ငံတွေရဲ့ စစ်ရေးပဋိပက္ခတွေအတွင်း ကျွန်တော်တို့ရဲ့ထွက်ကုန်သုံးစွဲနိုင်ရေးအတွက်လည်း ဈေးကွက်မချဲ့ထွင်ပါဘူး” လို့ DJI မှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မတ်လမှာ ဂျာမန်လက်လီရောင်းချသူတစ်ဦးက DJI ဟာ ယူကရိန်းစစ်ရေးတည် နေရာ အချက် အလက်တွေကို ရုရှားထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့လအတွင်း တရုတ်နိုင်ငံမှ ချိပ်စ်ပြားထုတ်လုပ်ရာမှာ အသုံးများတဲ့ သတ္တုအချို့တင်ပို့ ခြင်းကို ထိန်းချုပ်ဖို့ အမေရိကန်ဘက်မှ ကြေညာပြီးနောက် တရုတ်အစိုးရရဲ့ ဒရုန်း ပြည်ပတင်ပို့မှုကို တားမြစ်ချက် ထွက်ပေါ်လာ တာလည်း ဖြစ်ပါတယ်။
Ref, Reuters