မော်လမြိုင်၊ ဩဂုတ် (၁)
ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာ အခါတော်)နေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေကြောင့် မော်လမြိုင်အချုပ်ထောင်ရှေ့မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက လာရောက်စောင့်ဆိုင်းနေကြပါတယ်။
ဒီကနေ့သြဂုတ်(၁)ရက်နေ့ဟာ ဝါဆိုလပြည့်နေ့ဖြစ်ပြီး နေပြည်တော်မှာ တည်ထားကိုးကွယ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း အလှူတော်အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- CJ