အာဏာသိမ်းစစ်ကောင်စီဟာ ဇူလိုင်ဒုတိယအပတ်နဲ့ နှောင်းပိုင်းကာလတွေမှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်တချို့နဲ့ တွေ့ခွင့်ပေးခဲ့သလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လာတာပါ။ မြန်မာနိုင်ငံရေးပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့ တောင်းဆိုထားသလို မနေ့ကလည်း အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခွင့်ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာနိုင်တဲ့အခြေအနေ၊ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာဖို့ ရှိမလား။ တရုတ်အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဘာတွေ ပြောဆိုနိုင်မလဲ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တရုတ် – မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ပြောင်းတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုထုတ်ထုတ်သုံးတာက ဟိုးနဝတ၊နအဖ ခေတ်တည်းက ဒီလိုပဲ ထုတ်သုံးလိုက်၊ သူတို့ရဲ့ရည်ရွယ်ချက်က စစ်ကောင်စီရဲ့တောက်လျှောက် ရည်မှန်းချက်က သူတို့ရဲ့ စစ်အာ ဏာရှင်စနစ်ကို ရေရှည်ဆွဲထားဖို့။ အဲဒီအတွက် ပြည်သူလူထုကို မျက်လှည့်လေးပြလိုက်၊ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြီဆို ကောင်းတော့မလား၊ ကောင်းတော့မလားနဲ့ အဲဒီလိုဖြစ်နေတယ်။ ဒါက ဘာကိုပြလဲဆို တစ်အချက်သူတို့မှာ ပြည်သူလူထုကို လိမ်ညာစရာလမ်း မရှိတော့ဘူး။ လမ်းဟောင်းတွေကိုပဲ လိုက်နေတယ်။ နောက်တစ်ခုက သူတို့မှာစီးပွားရေး၊ နိုင်ငံရေး၊ သံခင်းတမန်ခင်း အားလုံးကတော်တော် ချွတ်ခြုံကျနေတယ်။ အဲဒီနှစ်ခုကို ဖော်ပြတာပဲ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ချင်မှလည်း လွှတ်မှာ။ သတင်းတွေကိုပဲ ဟိုလိုလို ဒီလိုလို အဲဒီလိုဖြစ်အောင်ပဲလုပ်မှာ။ ဒါတောက်လျှောက်ပဲ။ အာဏာသိမ်းပြီး နှစ်ရက်သုံးရက်အလွန်မှာပဲ လူတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပြီဆို ရန်ကုန်မြို့ပေါ်မှာ လျှောက်အော်တွေတောင် ဖြစ်သေးတာ။ ဒါသူတို့ သုံးနေကျ နည်းပရိယာယ်ပဲ။ ဘာမှ ကျွန်မ တို့ဘက်က မျှော်လင့်စရာမရှိဘူး။ ကျွန်မတို့ အားလုံးသိထားရမှာက ဗမာပြည်သူအားလုံးရဲ့ ဒုက္ခဆင်းရဲအဖုံဖုံ ဟာ ဒီစစ်အာဏာရှင်စနစ်မှာ အခြေခံတာပဲ။ ဒီကိစ္စကိုပဲ ဦးတည်ပြီး လုပ်ဖို့ပဲရှိတယ်။ တကယ်လို့သာ ဒေါ် အောင်ဆန်းစုကြည်နဲ့ စစ်တပ်သာ စေ့စပ်ဆွေးနွေးတာ အောင်မြင်ခဲ့ရင် ဒီနွေဦးတော်လှန်ရေးတောင် ပေါ်လာစ ရာမရှိဘူး။ ဟုတ်တယ်မလား။ ပထမဆုံးဆွေးနွေးတာ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီဆွေးနွေးပွဲမှာကိုက စစ်တပ်နဲ့အမျိုးသားရင်ကြားစေ့ရေး လုပ်လို့မရတော့ဘူးလို့သိလို့သာ အဲဒီဟာကို သူ တို့စေ့စပ်ဆွေးနွေးတာကို လက်မခံပဲ ထောင်ထဲဝင်သွားတာ။

 ၂။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးပြီး တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်လျှောက်လှမ်းလာနိုင်မလား၊ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဒီသတင်းတွေအပေါ်ကို ကျွန်မတို့ ပြောချင်တာက ဘယ်သူမှ တွေးဝေဝေဝါးမသွားပါနဲ့။ စစ်ကောင်စီက အခုခေတ်စကားနဲ့ပြောရင် ဂျင်းထည့်တာပေါ့ဗျာ။ ဂျင်းထည့်တဲ့သတင်းတစ်ရပ်ပဲ ဖြစ်တယ်။ ကျွန်မတို့ ပြည်သူလူထုက ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ပဲ။

 ၃။ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးခမ်းနီးမှာ တရုတ်ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် တွေ့ခွင့်ပေးတယ်လို့ မြင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်က စစချင်းတည်းက တောက်လျှောက်တင်လာတာ အမျိုးသားရင်ကြားစေ့ရေး၊ အ ကြမ်းမဖက်ရေး၊ ငြိမ်းချမ်းစွာဘာညာနဲ့ ဒါပေမယ့် သူမရတော့လို့သာ သိလို့သာ ငြင်းလိုက်တာ ဖြစ်တယ်။ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ အခုလိုအချိန်မှာ စစ်တပ်က စစ်ကောင်စီရဲ့ အခုလို အချိန်အတိုင်း ဒေါ်အောင်ဆန်း စုကြည်ကပဲ ထွက်လာပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပါ၊ ဘာပါလုပ်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သမိုင်းအမှိုက်ပုံထဲ ရောက်သွားမှာပဲ။ ပြည်သူလူထုက ဒီတခါတော့ မရပ်တော့ဘူး။ NUG က သမ္မတကြီးပြော တဲ့ထဲမှာ ပါတယ်။သူတို့စေ့စပ်ဆွေးနွေးပွဲကို လုံးဝပစ်ပယ်တာ မဟုတ်ဘူး။ စေ့စပ်ဆွေးနွေးပွဲကို ရည်ရွယ်ချက် ရှိရှိ လုပ်မယ်ဆိုရင် စစ်တပ်က နိုင်ငံရေးအရ စွန့်ခွာပေးရမယ်။ စစ်တပ်က သူလုပ်ထားသမျှ အလုပ်တွေအ ပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှု ရှိတာမျိုး ဒါမျိုးတွေဖြစ်လာရင်တော့ စေ့စပ်ဆွေးနွေးမှာပါ။ အခုလောလောဆယ် မှာ စစ်တပ်က လျော့ပေးချင်တာမဟုတ်ဘူး။ လျော့ပေးဖို့လည်း သူမစဉ်းစားဘူး။ အခုချိန်ထိ စစ်ကောင်စီက သူ့စိတ်ထဲမှာ တွက်ထားတာက အကြမ်းဖက်ပြီး ဆက်လုပ်လိုက်ရင် တခြားနည်းလမ်းတွေနဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်လိုက်။ တချို့အဖွဲ့တွေကို ငြိမ်းချမ်းလုပ်ပြီး စီးပွားရေးလုပ်ခွင့်ပြုလိုက် အဲ့ဒါဆိုရင် ပြီးသွားလိမ့်မယ်လို့ တွက်ပုံရတယ်။ ဒီတခါတော့ မရတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါကိုသိပုံရ တယ်။ တွေ့ပုံရတယ်။

ဒီလိုမှ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုနဲ့ထပ်တူမရပဲနဲ့ ဒီစစ်တပ်နဲ့ပဲ စေ့စပ်ဆွေးနွေးပါလို့ ပြောရင် တော့ ပြည်သူလူထုက သူ့ဟာသူမြင်တယ်။ သမိုင်းရေစီးကြောင်းကို မြင်တယ်။ ဘယ်သူကဖိနှိပ်တယ်။ ဘယ် သူကမဖိနှိပ်ဘူးဆိုတာ။ သူတို့အင်အားမရှိရင်သာ အသာနေမယ်။ အင်အားရှိတာနဲ့ သူတို့လျှောက်မှာပဲ။ အခု ကျွန်မတို့ နွေဉီးတော်လှန်ရေးက သမိုင်းလမ်းကြောင်းမှန်ပေါ် ရောက်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ဒေါ်အောင် ဆန်းစုကြည်က ဒီလမ်းကြောင်းက သွေဖယ်သွားရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စွန့်ပယ်မှာပဲ။ဒေါ်အောင် ဆန်းစုကြည်ကလည်း အဲဒီလမ်းကို လျှောက်မယ်မထင်ဘူး။ ပြည်သူလူထု ဘာတွေလုပ်နေလဲ လေ့လာမယ် သိအောင်လုပ်မယ်။ ပြည်သူလူထုနဲ့အတူ ရပ်တည်မှာပဲလို့ ကျွန်မထင်တယ်။

ဒီနေ့ကြေငြာတာထဲပါတာတော့  မင်းအောင်လှိုင်တို့ဘက်က နယ်စပ်မှာရှိတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေး အပစ်ခတ်ရပ်စဲရေးကို ကူညီပေးဖို့ တောင်းဆိုတယ်။ ပြည်သူလူထုကို  ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေး နေပါတယ်။ ဒီဟာကို လုပ်ဖို့အတွက် အချိန်လိုတယ်။ ဘာညာပဲရှိမယ်။  တခြားကောင်းတဲ့ ရည်ရွယ်ချက်တော့ ရှိပုံမရဘူး။

 ၄။ တရုတ်အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဘာတွေ ပြောဆိုနိုင်မလဲ။ တွေ့ဆုံ ဆွေးနွေးသွားဖို့ တိုက်တွန်းလာနိုင်မလား။ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တကယ်တွေ့တာပဲလေ။ အဲဒီတုန်းကလည်း ဒေါ် အောင်ဆန်းစုကြည်က ဘာပြန်ပြောလိုက်လဲဆိုတာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရဲရဲဝင့်ဝင့် မပြောရဲရှာဘူး။ သေချာတာတော့ သူတို့ကြိုက်တဲ့စကားကို ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်ပုံမရဘူး။ တရုတ်နဲ့တွေ့လည်း ဒီသဘောပဲ။ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီကြိုက်တဲ့ စကားကို သူပြောနိုင်မယ်မထင်ဘူး။

 ၅။ နောက်ဆုံးအနေနဲ့ လာမယ့်ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးတော့မယ်ဆိုတော့ မြန်မာ့နိုင်ငံရဲ့ အခြေအနေက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

ကျွန်မကတော့ လောလောဆယ် သိပ်မမြင်ဘူး။ စစ်ကောင်စီက သူလုပ်တာကိုက သူ့ကိုကြည့်ရတာ ကယောင်ကတမ်းတွေ ဖြစ်နေပုံပဲ။ သူ့ဘက်က လျော့မပေးသမျှတော့ ကျွန်မတို့ဘက်မှာ ဘာမှဖြစ်လာစရာ အကြောင်းမရှိဘူး။ သူ့အခြေခံစိတ်နေစိတ်ထား ပြောင်းဖို့အတွက် ကျွန်မတို့က ဆက်ပြီးဖိအားပေးဖို့ပဲ။ လက်နက်ကိုင်တော် လှန်ရေးလုပ်သူကလုပ်၊ CDMလုပ်သူကလုပ်။ အကုန်လုံးဖိအားပေး ဖိပြီးဆက်လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ လောလောဆယ်တော့ သိပ်ကြီးကြီးမားမား ဖြစ်စရာမရှိပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.