July 2023

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးအယူခံကြားနာ

နေပြည်တော် – ဇူလိုင်(၆) ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်(၃၃) နှစ်ကို လျှော့ချပေးဖို့ နောက်ဆုံးအယူခံကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ ဇူလိုင်လ(၅)ရက်နေ့က စစ်ဆေးခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ဆူပူအောင်လှုံ့ဆော်မှု၊ ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုတွေအပြင် အကျင့်ပျက်ခြစား မှုတွေနဲ့ပါ စွပ်စွဲပြီးထောင်ဒဏ် ချမှတ်ခံထားရတာပါ။ အယူခံကြားနာချိန်မှာတော့ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်လာတာ…

မြိတ်မှာစစ်ကောင်စီဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၅ ဦးဒဏ်ရာရ

မြိတ်၊ ဇူလိုင်(၆) တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်အပြင် သြဇာခံပြည်သူ့စစ်အဖွဲ့ဝင် ၂၀ နီးပါး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီဂိတ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ နေ့လည်…

ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေ ဆက်တိုက် တိုက်ခိုက်ခံနေရ

ကြာအင်းဆိပ်ကြီး၊ ဇူလိုင်(၆) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်၊ ဂိတ်စခန်းတွေနဲ့ စစ်ကောင်စီ တပ် အခြေပြုတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးအင်အားစုတွေက နေ့စဉ်နဲ့အမျှ တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ(၂၈၃)တပ်ရင်းဌာနချုပ်၊…

စစ်အာဏာသိမ်း (၈၈၅)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၄၇ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၆) AAPP ရဲ့ ဇူလိုင်(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၅)ရက်အတွင်း ပြည်သူ (၃၇၄၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၇၄၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စစ်ကောင်စီတပ် ရှေ့ဆက်တိုးရင် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ KIO သတိပေး

လိုင်ဇာ၊ ဇူလိုင်(၆) ကချင်ပြည်နယ် လိုင်ဇာခရိုင်အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်အနေနဲ့ နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးလာရင် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၃) နယ်မြေမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ဇူ…

စစ်တပ်ရဲ့ဖိနှိပ်ခိုင်းစေမှုကြောင့် မွန်ပြည်နယ်မှာ ရဲပြေးတွေပိုများလာ

မော်လမြိုင်၊ ဇူလိုင်(၆) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်ခိုင်းစေတာကြောင့် ရဲစခန်းအသီးသီးကနေ ထွက်ပြေးနေတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက် ပိုများလာတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲစခန်းတွေ မကြာခဏတိုက်ခိုက်ခံရတာ၊ စစ်ကောင်စီတပ်ရဲ့ အရာရှိတွေ အတင်းအကြပ် ဖိအားပေးတာ၊ တိုင်းပြည်ကာကွယ်ရေးဆိုပြီး စစ်သားတွေနဲ့ မြေပြင်တိုက်ပွဲတွေ ပူးပေါင်းဆင်နွှဲခိုင်းတာ၊ နယ်မြေမတည်ငြိမ်တဲ့ဒေသတွေကို ပြောင်းရွှေ့ခံရတာကြောင့် ထွက်ပြေးသူ ပိုများလာတာ…

စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ KNU ဥက္ကဋ္ဌပြော

ကော်သူးလေ၊ ဇူလိုင်(၆) စစ်အာဏာရှင်နဲ့ အာဏာရှင်တွေကို ခုခံတော်လှန်နေကြတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်ရမှာဖြစ်ပြီး ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ ပြီးပြည်စုံစေဖို့အတွက် နိုင်ငံရေးသတိအစဉ်ရှိဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုပဲ…

ဘုတ်ပြင်းမှာစစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရပြီး ၅ ဦးသေ၊ သေနတ် ၃ လက် သိမ်းဆည်းရမိ

ဘုတ်ပြင်း၊ ဇူလိုင်(၆) တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းမှာ ဘုတ်ပြင်းမြို့ထဲကနေ လေညာမဏ္ဍိုင်ဘက်ကို အိမ်စီးကား၂ စီးနဲ့ ကင်းလှည့်လာတဲ့…

ထိုင်ဝမ်သမ္မတလောင်းအဖြစ် တစ်ရှေ့ပြေးနေသူက တရုတ်နိုင်ငံနဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်တယ် လို့ပြော

တိုင်ပေ၊ ဇူလိုင်(၆) ထိုင်ဝမ်သမ္မတလောင်း ဝီလျံလိုင်က သူသာရွေးကောက်ခံရပါက တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်းနဲ့ ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ဆန္ဒရှိတဲ့အပြင် ကာကွယ် ရေးကို မြှင့်တင်ဖို့လည်း ကတိပြုကြောင်း ဇွန်လ(၄)ရက်နေ့က Wall Street Journal မှာရေးသားခဲ့တယ်လို့ သိရပါတယ်။ ထိုင်ဝမ်ရဲ့ ဒုသမ္မတလည်းဖြစ်၊ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အတွက် ကိုယ်စား လှယ်လောင်းလည်းဖြစ်တဲ့…