July 2023

မွန်ပြည်နယ်က လိင်လုပ်သားအမျိုးသမီးတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေကို ပိုမိုခံစားလာရ

မော်လမြိုင်၊ ဇူလိုင်(၁၂) မွန်ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လိင်လုပ်သား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုမိုကျူးလွန်လာတယ်လို့ လိင်လုပ်သားတွေနဲ့ အမျိုးသမီးအရေး ကူညီဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လိင်လုပ်သားအမျိုးသမီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေကြေးရှာဖွေတဲ့နေရာမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ အတင်းအကျပ် ငွေကြေးတောင်းခံတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကြောင့် လိင်လုပ်သားအမျိုးသမီးတွေဟာ…

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး အသက်အန္တရာယ်စိုးရိမ်ရ

သထုံ၊ ဇူလိုင်(၁၂) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဘေးတွဲဆိုင်ကယ်သမားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၇ နာရီအချိန်လောက်က သထုံမြို့နယ် နောင်ကုလားကျေးရွာကနေ သထုံမြို့ပေါ်ဘက်ကို မောင်းလာတဲ့ ဘေးတွဲဆိုင်ကယ်သမားဟာ မြေနီကုန်းကျေးရွာအရောက် ကားလမ်းဘေးမှာ ခေတ္တရပ်နားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။…

KNU နယ်မြေမှာ နှစ်ဝက်အတွင်း တိုက်ပွဲအကြိမ် ၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့

ကော်သူးလေ၊ ဇူလိုင်(၁၂) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အခုနှစ် ၆ လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်ထဲမှာ အခုခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန်…

တော်လှန်ရေးအင်အားစုတွေ အစိုးရအပေါ် ပိုမိုခိုင်မာတဲ့ ယုံကြည်မှုရှိအောင် ကြိုးစားဖို့ NUG ယာယီ သမ္မတ တိုက်တွန်း

မော်လမြိုင် – ဇူလိုင်(၁၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ အစိုးရအပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုဖြစ်ထွန်းအောင် ကြိုးစားတည်ဆောက်ကြရမှာဖြစ်တဲ့အတွက် စီမံခန့်ခွဲရေးနည်းနာတွေကို ဝန်ကြီးဌာန အချင်းချင်း ပိုမိုချိတ်ဆက်အားကောင်းအောင်တည်ဆောက်ကြဖို့ NUG ယာယီသမ္မတက တိုက်တွန်း လိုက်ပါတယ်။ ဒီနေ့ ဇူလိုင်လ(၁၁) ရက်နေ့မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောခဲ့တာပါ။ “ဗဟိုကနေ အမိန့်ပေး ကွပ်ကဲမှုမှာ…

ဂျပန်နိုင်ငံတောင်ပိုင်းမှာ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

တိုကျို၊ ဇူလိုင်(၁၂) ဂျပန်နိုင်ငံရဲ့ အနောက်တောင်ဘက်ကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သလို ပျောက်ဆုံးနေသော လူ ၃ ဦးကိုလည်း ကယ်ဆယ်ရေးသမားတွေက ရှာ ဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီဟာ ကျွန်းမြောက်ပိုင်းတွေအတွက် မိုးသည်ထန် စွာ ရွာသွန်းမှု အထူးသတိပေးချက်ကို…

ရုရှားသံတမန်တွေက အနောက်နိုင်ငံတွေကို နေတိုးထိပ်သီး အစည်းအဝေးမစခင် သတိပေး

မော်စကို – ဇူလိုင်(၁၂) နေတိုးခေါင်းဆောင်တွေက စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်လာမယ့် အလားအလာနဲ့ ပတ်သက် ပြီး ယူကရိန်းကို အပြုသဘောဆောင်တဲ့ သတင်းစကားတွေ ပေးပို့ဖို့ ပြင်ဆင်နေချိန်မှာ စစ်ပွဲ ပိုမို ပြင်းထန်လာရင် ဥရောပအတွက် ကပ်ဘေးပိုများလာနိုင်တယ်လို့ ရုရှားက သတိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၇) လနီးပါးက ယူကရိန်းကို ကျူးကျော်ဖို့ဆုံးဖြတ်ခဲ့တာဟာ နေတိုးရဲ့ အရှေ့ဘက် ခြေဆန့်မှုကို ဟန့်တားဖို့ဖြစ်သလို…

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျန်းမာရေး အကြောင်းပြချက်နဲ့ တက်ရောက်တာမရှိ

ဂျကာတာ – ဇူလိုင်(၁၂) အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်တာမရှိဘူးလို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမြင့်ဆုံးသံအမတ် ဝန်ရီ သာ ဂျကာတာအစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ်အဖြစ် တက် ရောက်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေနဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ဝီဘင်တို့က ရိုက်တာကို ပြောပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)…

တော်လှန်ရေးတပ်သားများ ထားဝယ်-ရေး-မော်လမြိုင် လမ်းမပေါ် လုံခြုံရေးစိစစ်နေပုံကိုသုံးပြီး ဆက်ကြေးကောက်နေတာလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီ အကောင့်တုတွေဖြန့်ဝေနေတဲ့ “ထားဝယ်-ရေး-မော်လမြိုင် (အမှတ်၈ ပြည်ထောင်စုလမ်းမကြီးပေါ် ) အကြမ်းဖက် PDFတွေက ခရီးသွားကားသ မားများအား ဆက်ကြေးကောက်“ဆိုတဲ့…