July 2023

အရှေ့တီမောအစိုးရနဲ့ သံတမန်ရေးအရ ပူးပေါင်းမှုဆက်ရှိမယ်လို့ NUG ပြော

ရန်ကုန်၊ ဇူလိုင်(၁၃) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အရှေ့တီမောအစိုးရတို့အကြား သံတမန်ရေးအရ နိုင်ငံရေးဆိုင်ရာ ပူးတွဲဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိမယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကြာမြင့်ခဲ့တဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်တို့ အရှေ့တီမောနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စနဲ့…

ချောင်းနှစ်ခွနဲ့ ခလယ်တံခွန်တိုင်မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်နေ

ကျိုက်မရော၊ ဇူလိုင်(၁၃) KNU တပ်မဟာ ၆ နယ်မြေ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စစ်ကြောင်းဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာကနေတစ်ဆင့် ကရင်ပြည်နယ်၊…

စစ်အာဏာသိမ်း (၈၉၂)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၈၅ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁၃) AAPP ရဲ့ ဇူလိုင်(၁၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၂)ရက်အတွင်း ပြည်သူ (၃၇၈၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၈၀၂ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များပြီး မနိုင်မနင်းဖြစ်နေ

မော်လမြိုင်၊ ဇူလိုင်(၁၃) မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီလက်ထက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှု အားနည်းခဲ့တာကြောင့် ရောဂါဖြစ်ပွားသူတွေများလာပြီး ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်တယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ၆ လအတွင်း ရောဂါဖြစ်ပွားသူ ၆၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာပေါင်မြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့က ကလေးငယ် ၂ ဦး သေဆုံးထားပါတယ်။ ရောဂါဖြစ်ပွားမှုအရ…

မွန်ပြည်သစ်ပါတီရပ်တည်ချက် မွန်လူထုထောက်ခံမှု လျော့ကျနေပြီလား

ရေးချောင်းဖျား၊ ဇူလိုင်(၁၃) နိုင်ငံ့အာဏာအရပ်ရပ်ကို စစ်တပ်ကသိမ်းယူပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းဖို့ အမြဲတစေဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီ ရပ်တည်ချက်အပေါ် ပြည်တွင်းစစ်ဒဏ် ရိုက်ခတ်လာတဲ့ မွန်လူထုအတွင်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်…

ပုလောမြို့နယ်က ပျူစောထီးနေအိမ်တချို့ကို ပြည်သူ့ပိုင်အဖြစ်သိမ်းဆည်း

ပုလော၊ ဇူလိုင်(၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ၄ ဦးရဲ့ နေအိမ်တွေကို ပြည်သူ့ပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က နတ်အိမ်တောင်ရွာရှိ ပျူစောထီးအဖွဲ့ဝင် ဦးဘမောင်ပါ ၄ ဦးရဲ့ နေအိမ် ၄ လုံးနဲ့ ခြံတစ်ခြံကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ကျိုက်ထို၊ ဇူလိုင်(၁၃) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာနဲ့မုပ္ပလင်ကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။ စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့ထဲ မောင်းဝင်လာတဲ့ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဇူ လိုင် ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်…

တောင်ကိုရီးယားနဲ့ ဂျပန်ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

ပြုံယမ်း၊ ဇူလိုင်(၁၃) တောင်ကိုးရီးယားနဲ့ ဂျပန်ခေါင်းဆောင်တို့ဟာ နေတိုးထိပ်သီးအစည်းအဝေးမှာ နျူကလီး ယား လက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားအပါအဝင် အခြားနိုင်ငံတွေ ခြိမ်းခြောက်မှုတွေကို ဆွေးနွေးဖို့ စီစဉ်ထားတာကြောင့် မြောက်ကိုရီးယားက သူ့ရဲ့တိုက်ချင်းပစ်ဒုံးကျည် (ICBM) လို့ ယူဆရတဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဇူလိုင်လ (၁၂) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုးရီးယားဟာ အမေရိကန်သူလျှိုလေယာဉ်တွေက သူတို့ရဲ့စီးပွားရေးဇုန်အတွင်း ဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်တယ်လို့စွပ်စွဲခဲ့တာပါ။ မကြာသေးမီရက်ပိုင်းက တောင်ကိုရီးယားကို…

ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် နိုင်ငံရေးလောကကို စွန့်ခွါတော့မယ်လို့ ထုတ်ပြန်

ဘန်ကောက် – ဇူလိုင်(၁၃) လက်ရှိထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာဟာ နိုင်ငံရေးလောကကို စွန့်ခွာပြီး United Thai Nation ပါတီကနေလည်း နှုတ်ထွက်မှာဖြစ်တယ်လို့ ဇူလိုင်လ(၁၁) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အငြိမ်းစားစစ်ဗိုလ်ချုပ်ဟာ နိုင်ငံရေးကိုစွန့်ခွာတော့မယ်ဆိုတဲ့ သတင်းစကားကို သူ့ရဲ့ပါတီ လူမှုကွန်ရက်ကနေ အသိပေးခဲ့တာဖြစ်ပြီး အားပေးထောက်ခံခဲ့သူ တွေကို ကျေးဇူးတင်တယ်လို့လည်းအသိပေးထားပါတယ်။ “ကျွန်ုပ်အနေနဲ့ ပါတီအဖွဲ့ဝင်ကနေ နှုတ်ထွက်ပြီး…

နေတိုးအဖွဲ့ဝင်အဖြစ် အချိန်သတ်မှတ်ပေးဖို့ ငြင်းဆန်ခံရပြီးနောက် ခေါင်းဆောင်တွေနဲ့ သမ္မတ ဇယ်လန်းစကီးတွေ့ဆုံ

ဝါရှင်တန် – ဇူလိုင်(၁၃) ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သူ့နိုင်ငံရဲ့အနာဂတ်ဟာ နေတိုးမဟာမိတ်အဖွဲ့အတွင်းမှာ ရှိနေတယ်လို့ ကြေညာထားပေမယ် အဖွဲ့ဝင်အဖြစ်အချိန်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာကို ငြင်းဆန်ခံရပြီးနောက် နေတိုးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဗေးနီးရပ်စ်မှာကျင်းပနေတဲ့ နေတိုးထိပ်သီးအစည်းအဝေး ဒုတိယနေ့မှာ နေတိုး-ယူကရိန်း ကောင်စီရဲ့ အဖွင့်အစည်းအဝေးအတွက် နေတိုးနဲ့ အဖွဲ့ဝင်(၃၁) နိုင်ငံကြား ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အတူပူးပေါင်းသွားမှာဖြစ်ပါတယ်။ ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့တဲ့…