July 2023

သရက်ချောင်းမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

သရက်ချောင်း၊ ဇူလိုင်(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာနဲ့ကျွဲမင်းကုန်းကျေးရွာကြား မြွေတောင်အနီးမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ပုလောဘက်ကဆင်းလာတဲ့ တပ်အင်အား ၆၀ နီးပါးတဲ့ စစ်ကောင်စီတပ်ကား ၂ စီးကို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးမြို့နယ် ဟံဂံဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေ

ရေး- ဇူလိုင်(၁၈) မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက် ၃ နာရီအချိန်ကစပြီး ဟံဂံကျေးရွာအတွင်းသို့ ရေ‌တွေ စတင်ဝင်ရောက်ကာ အနိမ့်ပိုင်း ရပ်ကွက်‌ တွေမှာ ရေကြီးရေလျှံတာနဲ့ လမ်းရေကျော်မှု ဖြစ်ပွား‌နေတာပါ။…

စစ်အာဏာသိမ်း (၈၉၇)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၀၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁၈) AAPP ရဲ့ ဇူလိုင်(၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၇)ရက်အတွင်း ပြည်သူ (၃၈၀၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၈၉၄ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် မွန်ရော်ဘာဈေးကွက် ပျက်ကိန်းဆိုက်လာ

မော်လမြိုင်၊ ဇူလိုင်(၁၈) အာဏာသိမ်းစစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်ပနိုင်ငံတွေက ရော်ဘာဝယ်ယူမှု သိသိသာသာ ကျဆင်းလာပြီးနောက် ဈေးကွက်ပျက်တဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်ခဲ့တယ်လို့ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်ကထွက်ရှိနေတဲ့ ရော်ဘာတွေကို တရုတ်၊ ထိုင်းအပါအဝင် အိန္ဒိယ၊ တောင်ကိုးရီးယား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ကို နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းလမ်းမှတဆင့် အဓိက တင်ပို့ရောင်းနေရတာ ဖြစ်ပါတယ်။ ရော်ဘာကဏ္ဍဟာ…

ကျိုက်ထိုတိုက်ပွဲမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေရှိနေ

ကျိုက်ထို၊ ဇူလိုင်(၁၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇီးကုန်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချဖို့ စစ်ကောင်စီကြိုးပမ်းလာ

နေပြည်တော်၊ ဇူလိုင်(၁၈) စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဒီကနေ့အချိန်ထိ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချဖို့ စစ်ကောင်စီ ကြိုးပမ်းလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ ထောာင်ဒဏ်အနှစ် ၃၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း…

ကြာအင်းဆိပ်ကြီးမှာ အရပ်သား ၂ ဦး ပစ်သတ်ခံရပြီး ၂၀ နီးပါး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

ကြာအင်းဆိပ်ကြီး၊ ဇူလိုင်(၁၈) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး အရပ်သား ၂၀ နီးပါးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို တပ်အင်အား ၉၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ ဇူလိုင်…

၂၀၂၅ မှာ ဥရောပရဲ့ အကောင်းဆုံး နေတိုးတပ်ခွဲတစ်ခုရှိဖို့ ဘာလင်ရည်မှန်းထား

ဘာလင်၊ ဇူလိုင်(၁၈) ယူကရိန်းကို ရုရှားကျူးကျော်မှုအပြီးမှာ နိုင်ငံတွေက သူတို့ရဲ့တပ်တွေကို ပြင်ဆင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်း နေကြတာကြောင့် ဂျာမနီကလည်း လာမယ့် ၂၀၂၅ ခုနှစ်မှာ ဥရောပနေတိုးမဟာမိတ်တွေကြားမှာ အကောင်း ဆုံး တပ်ဆင်ဖြည့်တင်းထားတဲ့ စစ်တပ်ဌာနခွဲတစ်ခု ရှိလာနိုင်ဖို့ မျှော်မှန်းထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ တပ်ဖွဲ့ဝင် ၂ သောင်းကျော်ပါဝင်တဲ့ စစ်သည်အင်အားဖြင့် တိုက်ခိုက်ဖို့ အဆင်သင့်ရှိတဲ့ တပ်ခွဲတစ်ခုကို၂၀၂၅…

စင်္ကာပူမှာ အာဏာရပါတီရဲ့ အမတ်နှစ်ဦးကို ရာထူးက ထုတ်ပယ်ခံရ

စင်္ကာပူ – ဇူလိုင်(၁၈) စင်္ကာပူနိုင်ငံရဲ့လက်ရှိ အာဏာရပါတီက အောက်လွှတ်တော်အမတ်(၂) ဦး ကိုရာထူးကထုတ်ပယ် လိုက်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပြီး အဲဒီဆောင်ရွက်ချက်ဟာ ပါတီရဲ့ စံချိန်စံညွှန်းကို ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ပြောပါတယ်။ နှုတ်ထွက်သွားသူနှစ်ဦးဟာ People Action Party (PAP) ပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်တွေ ဖြစ်ပြီး အခုလိုဖြစ်စဉ်ဟာ ရှားရှားပါးပါးဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ရဲ့…

လာပါမားတောမီးကြောင့် အရပ်သားလေးထောင်ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရ

မက်ဒရစ် – ဇူလိုင်(၁၈) စပိန်နိုင်ငံ၊လာပါမားကျွန်းပေါ်က ဒေသခံအနည်းဆုံး(၄၀၀၀) ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ရပြီး တောမီးကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေ ကြိုးပမ်းနေတယ်လို့ စပိန်အာဏာပိုင် တွေက ပြောပါတယ်။ လာပါမားတောမီးလောင်မှုဟာ ကျွန်းရဲ့ မြောက်ဘက်က သစ်တောဧရိယာမှာ စနေနေ့ အစောပိုင်း က စတင်လောင်ကျွမ်းခဲ့ပြီး ပွန်တာဂေါ်တာနဲ့ အိမ်နီးချင်းရွာတွေက လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတာပါ။ အာဖရိကအနောက်ဘက်ကမ်းရိုးတန်းမှ…