ကရင်ပြည်နယ်မှာ စစ်ကောင်စီနယ်မြေဆုံးရှုံးမှုပိုများလာ
မြဝတီ၊ ဇူလိုင်(၂၁) မြို့ပေါင်း ၇ မြို့နယ်ရှိတဲ့ ကရင်ပြည်နယ်မှာ ကျေးလက်ဒေသတွေအပြင် မြို့အပြင်ဘက်တွေကိုပါ KNU ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးထိန်းချုပ်လာနိုင်ပြီလို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့စစ်ဆင်ရေးတွေ အဓိကတာဝန်ယူဆောင်ရွက်နေရတဲ့ ကရင်ပြည်နယ်ဟာ အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစု အားကောင်းတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး KNU ဌာနချုပ်စိုက်ရာ ဒေသလည်း ဖြစ်ပါတယ်။ အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်းမှာ…