ဆိုးလ်၊ ဇူလိုင်(၂၂) 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြေအောက်ရထားဘူတာရုံတစ်ခုအနီးမှာ ဇူလိုင်လ (၂၁) ရက်နေ့က အမျိုးသားတစ်ဦး ဓားဖြင့်ရမ်းကားမှုကြောင့် လူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

အဲဒီတိုက်ခိုက်မှုဟာ ဆိုးလ်အနောက်တောင်ပိုင်းရှိ ဆယ်လင်မ်မြေအောက်ရထားဘူတာရုံအနီးမှာ ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး သံသယရှိသူကို အခင်းဖြစ်နေရာမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းနိုင်ခဲ့ ကြောင်း သိရပါတယ်။

 “သံသယရှိသူဟာ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မူးယစ်နေတဲ့ပုံမပေါ်ပါဘူး။ သူ့ရဲ့ရာဇဝတ် မှုဖြစ်ရတဲ့အကြောင်းရင်းကို စစ်ဆေးမေးမြန်းနေပါတယ်” လို့ ရဲတပ်ဖွဲ့ကပြော ကြားထားပါတယ်။ 

တိုက်ခိုက်မှုဟာ ဘူတာရုံထွက်ပေါက် (၄) အနီး မွန်းလွဲ ၂ နာရီ ၇ မိနစ်မှာ ဖြစ်ပွားခဲ့ကြောင်း Yonhap သတင်း ဌာနက ဖော်ပြပါတယ်။

 လိမ္မော်ရောင်အင်္ကျီဝတ်ထားတဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ထမ်းစင်တွေကတင် ဆောင်ကာ အခင်း ဖြစ်ပွားရာသို့ ပြေးသွားခဲ့တယ်လို့ ဒေသတွင်း ရုပ်မြင်သံကြားဌာန YTN ရဲ့ ယူကျူချန်နယ်မှာလည်း ပြသခဲ့ ပါတယ်။ 

“အဲဒီသူဟာ သူ့ကိုရဲတွေက ဖမ်းထားလို့ အသက်မရှင်ချင်တော့ဘူးဆိုပြီး အော်ဟစ်ပြောဆို ခဲ့တယ်” လို့ YTN သတင်းက ဖော်ပြထားပါတယ်။

 “ဓားကြီးနဲ့လူတစ်ယောက်က ရမ်းကားပြီးထိုးခဲ့တာလို့ ပြေးလာတဲ့လူတွေက ပြောကြတယ်။ ငါတို့တံခါးကို သော့ခတ်ထားခဲ့တယ်” လို့ အခင်းဖြစ်ရာရပ်ကွက်ရှိ ဆိုင်ပိုင်ရှင်တစ်ဦးက YTN သို့ ပြောပါတယ်။

 မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သံသယရှိသူဟာ ဖုန်းပြောနေတဲ့ အမျိုးသားတစ်ဦးရဲ့နောက် ကျောကို ကြိမ်ဖန်များစွာ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

 အဲဒီနောက်မှာတော့ နောက် ထပ်လူတွေကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခံရတဲ့လေးဦးစလုံးဟာ အမျိုးသားတွေဖြစ်ကြောင်း ချိုစွန်အယ်ဘို သတင်းစာက ဖော်ပြခဲ့ထားပါတယ်။

 Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.