ပေကျင်း – ဇူလိုင်(၂၁)

ထိုင်ဝမ်ဒုသမ္မတလည်းဖြစ် လာမယ့် သမ္မတရာထူးအတွက် ရှေ့ပြေးနေတဲ့ ဝီလျံလိုင်ရဲ့ အမေရိ ကန်ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ရပ်တန့်ဖို့အရေးဦးစားပေးလုပ်ဆောင်နေတယ်လို့ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ပိုင်နက်အဖြစ် ရှုမြင်ထားသလို အချုပ်အခြာအာဏာပိုင်ဆိုင် ကြောင်း မကြာခဏပြောဆိုကာ တိုင်ပေအစိုးရကို စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေ တိုးမြှင့်လာတာပါ။

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှာ ကျင်းပမှာဖြစ်ပြီး လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) ရဲ့ သမ္မတ လောင်း လိုင် ဟာ သဘောထားစစ်တမ်းအများစုမှာ ရှေ့ပြေးဖြစ်နေတယ်လို့ သိရပါတယ်။

လိုင်ဟာ သူ့ရဲ့သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဩဂုတ်လ(၁၅) ရက်နေ့မှာ ပါရာဂွေးကို သွားမယ့် လမ်းကြောင်းအတွင်း အမေရိကန်ပြည်ထောင်စုမှာ တရားဝင် ရပ်နားထားရမယ့် နေရာ တွေကို လုပ်ဆောင်နေသလို တရုတ်အစိုးရကတော့ သူ့ကို ခွဲထွက်ရေးသမားလို့ ပြစ်တင်ရှုတ်ချ ထားပါတယ်။ 

“တိုင်ပေဟာ တရုတ်၏ ထိုင်ဝမ်ဖြစ်သည်” နှင့် နိုင်ငံဟာ ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်း ရေးကို လိုလားကြောင်း သို့သော် ထိုင်ဝမ်မှ “ခွဲထွက်ရေးသမားများ” ဟာ အမေရိကန်၏ထောက် ခံမှုကို ရယူပြီး ၎င်းတို့၏ အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်နေပါတယ်” လို့ တရုတ်သံအမတ် ရှီဖမ်းက  Aspen လုံခြုံရေးဖိုရမ်မှာ ပြောခဲ့ပါတယ်။ 

ထိုင်ဝမ်အခြေစိုက် အမေရိကန်ထိပ်တန်းသံတမန်က တရုတ်ဟာ အမေရိကန်မှာ လိုင်ရဲ့ ရပ်နားမှု ကို တုံ့ပြန်ဖို့ အကြောင်းပြချက်မရှိသလို အခုလိုခရီးစဉ်ရပ်နားတာတွေဟာ နှစ်ပေါင်းများစွာ တည်းက ပုံမှန်လိုဖြစ်နေတဲ့အရာလို့ ဆိုထားပါတယ်။ 

“သူတို့က တရုတ်တွေလို့တောင် ဝန်မခံတော့ဘူး၊ ဒါကြောင့် သူတို့လျှောက်နေတဲ့လမ်းက အရမ်းအန္တရာယ်များတယ်” လို့ တရုတ်သံအမတ်က ပြစ်တင်ခဲ့ပါတယ်။ 

လက်ရှိထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့ သူမရဲ့ အစိုးရဟာ တရုတ်နဲ့ အကြိမ်ကြိမ်ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရသလို သူတို့ကို ခွဲထွက်ရေးသမားတွေအဖြစ် တရုတ်က ရှုမြင်နေတာပါ။ 

သမ္မတဆိုင်နဲ့ သမ္မတလောင်း လိုင်တို့ကတော့ ထိုင်ဝမ်လူမျိုးတွေဟာ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ 

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စိပေလိုစီရဲ့ ခရီးစဉ်နဲ့ ထိုင်ဝမ်သမ္မတရဲ့ အမေရိကန် ခရီးစဉ်မှာ အမေရိကန် ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး တရုတ်ဟာ ထိုင်ဝမ် ကျွန်းအနီး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.