July 18, 2023

တောင်တရုတ်ပင်လယ်အရေး သမ္မတဟောင်းဒူတာတေးနဲ့ တရုတ်သမ္မတရှီတို့ ဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတမားကို့စ်ထင်ကြေးပေး

ပေကျင်း – ဇူလိုင်(၁၉) တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက ဖိလစ်ပိုင်သင်္ဘောတွေနောက်ကို နောက်ယောင်ခံလိုက်တာ အပါအဝင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လုပ်ရပ်တွေကို သမ္မတဟောင်းဒူတာတေးနဲ့ တရုတ်သမ္မတ ရှီကျင့် ဖျင်တို့ ဆွေးနွေးခဲ့နိုင်ကြောင်း ဖိလစ်ပိုင်သမ္မတဟောင်းမားကို့စ်ဂျူနီယာ က ပြောကြားလိုက်ပါတယ်။ သမ္မတမားကို့စ်က ဒူတာတေးရဲ့တရုတ်ခရီးစဉ်ကို သူသိရှိထားကြောင်းနဲ့ နှစ်နိုင်ငံကြား ဘယ်လိုဆက်သွယ် ရေးပုံံစံကိုမဆို ကြိုဆိုကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ “နောက်ယောင်လိုက်တာမျိုးလို ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သူတို့ဆွေးနွေးခဲ့လိမ့်မယ်လို့ ကျွန်တော်…

ယူကရိန်းစစ်ပွဲမှာအသုံးပြုနေတဲ့ အမေရိကန်လေကြောင်းကာကွယ်ရေးစနစ်ကို ထိုင်ဝမ်ဝယ်ယူဖို့ ပြင်ဆင်နေ

တိုင်ပေ – ဇူလိုင်(၁၉) ထိုင်ဝမ်ဟာ လေကြောင်းကာကွယ်ရေးစွမ်းရည်မြှင့်တင်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံအတွင်း အသုံး ပြုနေတဲ့ National Advanced Surface-to-Air Missile System ဒါမှမဟုတ် Nasams ကို အမေ ရိကန်ပြည်ထောင်စုဆီက ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် ပြောဆိုပြီးစစ်ရေးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးဖို့ လွန်ခဲ့တဲ့ (၃)…

ရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အတွက် အမေရိကန်စိုးရိမ်နေ

ဝါရှင်တန် – ဇူလိုင်(၁၉) ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့အနိုင်ရထားတဲ့ ပါတီ ခေါင်းဆောင်ကို မေလ(၁၄) ရက်နေ့က သီးခြားတိုင်ကြားမှု(၂)ခုအပြီးမှာ ထိုင်းတရားစီရင် ရေးစနစ်အတွက် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်က စစ်တပ်လက်ဝါးကြီးအုပ်နေတဲ့ နိုင်ငံရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲလိုတဲ့ ဖိထာရဲ့ ဝန်ကြီးချုပ်ရွေးပွဲ ကနဦးမဲပေးမှုဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် တော်ဝင် စစ်တပ်က…

ပေါင်မှာဒေသခံအမျိုးသား‌တစ်ဦး တောင်ကျရေစီးနဲ့ မျောပါပျောက်ဆုံးနေ

ပေါင်၊ ဇူလိုင် (၁၈) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ ဇူလိုင် ၁၈ ရက်နေ့ နေ့လည်ပိုင်းက တောင်ကျရေစီးနဲ့မျောပါသွားတဲ့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးအရှိန်ကောင်းနေချိန် ဥတ္တံတားကျေးရွာ ဘီလူးမကျောင်းအနီး ချောင်းထဲမှာ ထင်းလိုက်‌ကောက်နေတဲ့ ဒေသခံကိုဇော်လတ်ဆိုသူဟာ ရေစီးနဲ့အတူ မျောပါသွားခဲ့တာပါ။…

စလင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံခဲ့တဲ့ လက်ကမ်းစာစောင်တွေ စစ်ကောင်စီဖြန့်ဝေနေ

စလင်း – ဇူလိုင်(၁၈) မကွေးတိုင်း၊စလင်းမြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဇူလိုင်လ(၁၈) ရက်နေ့ မနက်ပိုင်းက လိုက်လံဖြန့်ဝေနေတာဖြစ်ပြီး နေရာအနှံ့မှာလည်း စာစောင်တွေ လိုက်ကပ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ စလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် ကင်ပွန်းချုံကျေးရွာကို…

ကန်ပက်လက် မဆာတွီရွာကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ကန်ပက်လက် – ဇူလိုင်(၁၈) ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်က တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးမှာရှိတဲ့ မဆာတွီကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ (၅) ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-Kanpetlet (Khonu Battalion) က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၁၈) ရက်နေ့မနက်(၁၁) နာရီဝန်းကျင်မှာ မဆာတွီကျေးရွာကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူပိုင်အိမ်တွေနဲ့ ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတာပါ။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေနဲ့ ဘုရားကျောင်း…

သရက်ချောင်းမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

သရက်ချောင်း၊ ဇူလိုင်(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာနဲ့ကျွဲမင်းကုန်းကျေးရွာကြား မြွေတောင်အနီးမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ပုလောဘက်ကဆင်းလာတဲ့ တပ်အင်အား ၆၀ နီးပါးတဲ့ စစ်ကောင်စီတပ်ကား ၂ စီးကို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးမြို့နယ် ဟံဂံဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေ

ရေး- ဇူလိုင်(၁၈) မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက် ၃ နာရီအချိန်ကစပြီး ဟံဂံကျေးရွာအတွင်းသို့ ရေ‌တွေ စတင်ဝင်ရောက်ကာ အနိမ့်ပိုင်း ရပ်ကွက်‌ တွေမှာ ရေကြီးရေလျှံတာနဲ့ လမ်းရေကျော်မှု ဖြစ်ပွား‌နေတာပါ။…