July 11, 2023

ဂျပန်နိုင်ငံတောင်ပိုင်းမှာ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

တိုကျို၊ ဇူလိုင်(၁၂) ဂျပန်နိုင်ငံရဲ့ အနောက်တောင်ဘက်ကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သလို ပျောက်ဆုံးနေသော လူ ၃ ဦးကိုလည်း ကယ်ဆယ်ရေးသမားတွေက ရှာ ဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီဟာ ကျွန်းမြောက်ပိုင်းတွေအတွက် မိုးသည်ထန် စွာ ရွာသွန်းမှု အထူးသတိပေးချက်ကို…

ရုရှားသံတမန်တွေက အနောက်နိုင်ငံတွေကို နေတိုးထိပ်သီး အစည်းအဝေးမစခင် သတိပေး

မော်စကို – ဇူလိုင်(၁၂) နေတိုးခေါင်းဆောင်တွေက စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်လာမယ့် အလားအလာနဲ့ ပတ်သက် ပြီး ယူကရိန်းကို အပြုသဘောဆောင်တဲ့ သတင်းစကားတွေ ပေးပို့ဖို့ ပြင်ဆင်နေချိန်မှာ စစ်ပွဲ ပိုမို ပြင်းထန်လာရင် ဥရောပအတွက် ကပ်ဘေးပိုများလာနိုင်တယ်လို့ ရုရှားက သတိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၇) လနီးပါးက ယူကရိန်းကို ကျူးကျော်ဖို့ဆုံးဖြတ်ခဲ့တာဟာ နေတိုးရဲ့ အရှေ့ဘက် ခြေဆန့်မှုကို ဟန့်တားဖို့ဖြစ်သလို…

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျန်းမာရေး အကြောင်းပြချက်နဲ့ တက်ရောက်တာမရှိ

ဂျကာတာ – ဇူလိုင်(၁၂) အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်တာမရှိဘူးလို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမြင့်ဆုံးသံအမတ် ဝန်ရီ သာ ဂျကာတာအစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ်အဖြစ် တက် ရောက်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေနဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ဝီဘင်တို့က ရိုက်တာကို ပြောပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)…

တော်လှန်ရေးတပ်သားများ ထားဝယ်-ရေး-မော်လမြိုင် လမ်းမပေါ် လုံခြုံရေးစိစစ်နေပုံကိုသုံးပြီး ဆက်ကြေးကောက်နေတာလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီ အကောင့်တုတွေဖြန့်ဝေနေတဲ့ “ထားဝယ်-ရေး-မော်လမြိုင် (အမှတ်၈ ပြည်ထောင်စုလမ်းမကြီးပေါ် ) အကြမ်းဖက် PDFတွေက ခရီးသွားကားသ မားများအား ဆက်ကြေးကောက်“ဆိုတဲ့…

“အတတ်နိုင်ဆုံး (စစ်ကောင်စီကို) ကြားဖြတ်တိုက်ခိုက်မှုကို လုပ်မှာပဲ။ စစ်ကူတွေကို လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်တာ လုပ်ရမှာဖြစ်ပါတယ်”

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ် ကောင်စီတပ်ဟာ ဇူလိုင် ၈ ရက်နေ့ကစပြီး လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်နဲ့ KIO တို့ကြား နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုနဲ့…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၃ ဦး သတ်ဖြတ်ခံရပြီး ၁၇၀ ကျော် ဖမ်းဆီးခံရ

တနင်္သာရီ၊ ဇူလိုင်(၁၁) တနင်္သာရီတိုင်းဒေသကြီး မြို့နယ်တွေမှာ ပြီးခဲ့တဲ့ဇွန်လတစ်လအတွင်း အရပ်သားပြည်သူ ၂၃ ဦးသတ်ဖြတ်ခံရပြီး ဒေသခံ ၁၇၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်သတ်ဖြတ်လို့ ၁၀ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က ဒလန်ခေါင်းစဉ်နဲ့ ရှင်းလင်းမှုကြောင့် ၆ ဦးနဲ့…

အိန္ဒိယမှာ ရေကြီးမှုကြောင့် လူ၁၅ဦးထက်မနည်းသေဆုံးပြီး ကျောင်းတွေပိတ်ထားရ

နယူးဒေလီ၊ ဇူလိုင်(၁၁) အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ မုတ်သုံမိုးတွေသည်းထန်စွာရွာသွန်းပြီး နိုင်ငံမြောက်ပိုင်း မှာမြေပြိုမှုနဲ့ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ သုံးရက်အတွင်း လူ (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် နယူးဒေလီရှိ စာသင်ကျောင်းတွေကိုလည်း ဇူလိုင်လ (၁၀) ရက်နေ့ကစ ပိတ်ထားခဲ့ရ တယ်လို့ သိရပါတယ်။ သီတင်းပတ်ကုန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နယူးဒေလီရှိ နေရာအချို့မှာ ရေများပြည့် လျှံကာ…

စစ်အာဏာသိမ်း (၈၉၀)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၇၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁၁) AAPP ရဲ့ ဇူလိုင်(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၀)ရက်အတွင်း ပြည်သူ (၃၇၇၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၇၈၄ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…