FILE PHOTO: Tanks containing water from the disabled Fukushima Dai-ichi nuclear power plant are seen at the power plant in Okuma town, Fukushima prefecture, Japan, March 8, 2023. REUTERS/Kim Kyung-Hoon

ဆိုးလ် – ဇူလိုင်(၉) 

ဂျပန်နိုင်ငံက ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဖူကူရှီးမားစက်ရုံက ရေဒီယိုသတ္တိကြွ သန့်စင်ရေးရေကို ရေလှောင်ကန်မှ စွန့်ထုတ်မယ့်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကုလသမဂ္ဂ နျူကလီး ယား စောင့်ကြည်ရေးအကြီးအကဲက တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၊ ထိပ်တန်း နျူကလီးယား ဘေးကင်းရေး အရာရှိတို့နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာဖီရယ် ဂရော်ဆီဟာ စောင့်ကြည့်ရေး အဖွဲ့အနေနဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံမှရေဆိုးတွေ သမုဒ္ဒရာထဲသို့ စွန့်ထုတ်မယ့်အစီအစဉ်ကို အတည် ပြုခဲ့စဉ်အတွင်း ဇူလိုင်(၇)ရက်နေ့မှာ တောင်ကိုရီးယားသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

သူရောက်ရှိလာစဉ်အတွင်း ဆိုးလ်မြို့ လေဆိပ်မှာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ဆုံခဲ့ကြောင်း ဒေသတွင်း မီဒီယာ တွေက ဖော်ပြထားပါတယ်။

 IAEA ရဲ့ ဖူကူရှီးမား အစီရင်ခံစာနောက်ကွယ်မှာ အဲဒီအကြောင်းအရာကို သဘောမတူတဲ့ ကျွမ်းကျင်သူ တစ်ဦး မျှမရှိဘူးလို့ သူ့ရဲ့ထင်မြင်ချက်ကို ရိုက်တာနဲ့တွေ့ဆုံစဉ် အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

 အဲဒီခအချိန်မတိုင်မီက ရေထုတ်လွှတ်မယ့်အစီအစဉ်ကို ဝေဖန်တဲ့ တောင်ကိုရီးယားရှိ အတိုက်အခံပါတီ နဲ့ လည်း တွေ့ဆုံလိုကြောင်း ဂျပန်နိုင်ငံမှာ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောခဲ့ပါသေး တယ်။ 

တောင်ကိုရီးယားအစိုးရက IAEAရဲ့ အစီရင်ခံစာကို လေးစားလိုက်နာကြောင်း၊ ကိုယ်ပိုင်ခွဲခြမ်းစိတ်ဖြာချက်မှာ တွေ့ရှိထားချက်အရ ဒီလိုထုတ်လွှတ်မှုဟာ နိုင်ငံရဲ့ရေပိုင်နက်အပေါ် သက်ရောက်မှာ မဟုတ်ကြောင်း သော ကြာနေ့က ပြောခဲ့ပါတယ်။ 

သမ္မတ ယွန်းဆုခ်ယိုရဲ့ အုပ်ချုပ်ရေးအဖွဲ့က တိုကျိုနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားနေတာကြောင့် ဂျပန် နိုင်ငံမှ ထုတ်လွှတ်မယ့်အဆိုပြုချက်အပေါ် သူ့ရဲ့ရပ်တည်ချက်ကို ကောင်းမွန်စွာ ဖော်ပြခဲ့ပါတယ်။

 ဒါပေမယ့်လည်း အဲဒီအစီအစဉ်ဟာ တောင်ကိုရီးယားပြည်သူတွေအကြား ဒေါသပုန်ထမှုနဲ့ စိုးရိမ်မှုတွေကို နှိုးဆော်ခဲ့ပါတယ်။ 

ဒီအစီအစဉ်အတွက် တောင်ကိုရီးယားက သဘောတူထားပေမယ့်လည်း ဖူကူရှီးမားဒေသမှ အစားအသောက်နဲ့ ပင်လယ်စာထွက်ကုန်တွေကို တားမြစ်ထားဆဲလည်း ဖြစ်ပါတယ်။ 

အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေမြောင်းကတော့ အစိုးရအနေနဲ့ အဲဒီအစီအစဉ်ကို ရပ်တန့် ဖို့နဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးသို့ တိုင်ကြားရန်ကြိုးစားသင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.