နေပြည်တော် – ဇူလိုင်(၆)

ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်(၃၃) နှစ်ကို လျှော့ချပေးဖို့ နောက်ဆုံးအယူခံကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ ဇူလိုင်လ(၅)ရက်နေ့က စစ်ဆေးခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ဆူပူအောင်လှုံ့ဆော်မှု၊ ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုတွေအပြင် အကျင့်ပျက်ခြစား မှုတွေနဲ့ပါ စွပ်စွဲပြီးထောင်ဒဏ် ချမှတ်ခံထားရတာပါ။

အယူခံကြားနာချိန်မှာတော့ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်လာတာ မရှိဘဲ သူ့ရဲ့ကိုယ်စားလှယ်တွေသာ တက်ရောက်ခဲ့ကြပြီး အစိုးရလျှို့ဝှက်ချက်ဆိုင်ရာအက် ဥပဒေချိုးဖောက်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှု စွဲချက်တွေကို စစ်ဆေးခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အယူခံအမိန့်ချမှတ်မှုကို နောက်(၂)လလောက်အကြာမှာ ထွက်ပေါ်လာနိုင်တယ်လို့ သုံးသပ်တာ တွေရှိနေပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေ ဆိုတာတော့ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊လူမှုရေးဆိုင်ရာ ပရမ်းပတာ အခြေ အနေတွေဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက ရှုတ်ချထားပါတယ်။


ဒါ့အပြင် တရားရေးစနစ်ဟာ အမှီအခိုကင်းပါတယ်လို့ စစ်ကောင်စီဘက်ကပြောထားပေမယ့် လက်တွေ့မှာ ပြည်သူတွေကို နည်းမျိုးစုံနဲ့ဖိနှိပ်နေသလို တရားရေးဝန်ထမ်းတွေကလည်း စစ်ကောင်စီအလိုကျ လိုက်ပါလုပ်ဆောင်နေတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

နောက်နှစ်ပတ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်စွပ်စွဲထားတဲ့ ဆက်သွယ်ရေး၊ ကုန်သွယ်ရေး ဥပဒေချိုးဖောက်မှုစွဲချက်တွေအပြင် နိုင်ငံတော်ငွေအလွဲသုံးစားမှုစွဲချက်တွေ အတွက် အယူခံဝင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.