မော်လမြိုင် – ဇူလိုင်(၅)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ဗြိတိန်နိုင်ငံအထက်လွှတ်တော်အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury)၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၄) ရက်နေ့ ညနေပိုင်းက ဗီဒီယိုကန့်ဖရင့်က တစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီကို ထပ်မံအရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်နိုင်ဖို့၊ ပြည်သူတွေအတွက် အကူအညီလိုအပ်နေတဲ့ ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ဗြိတိန်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည်သူတွေအပေါ် အကူအညီပေးနိုင်မယ့် ကိစ္စရပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ နိုင်ငံ တကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊အတွင်းရေးမှူး ဦးတင်ကိုကိုဦးနဲ့ ကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CRPH

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.