မော်လမြိုင် – ဇူလိုင်(၅)

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားချိန်ကစပြီး ဇူလိုင်လ(၄) ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား/ကျောင်းသူ (၁၃၈) ဦးရှိတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ကျောင်းသား (၁၀၇) ဦးနဲ့ ကျောင်းသူ (၃၁) ဦးပါဝင်ပြီး ရန်ကုန်တိုင်းက (၆၅) ဦးနဲ့ အများဆုံး ပါဝင်တယ်လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့ကလည်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ၊ စာရင်းအင်းပညာဌာန တတိယနှစ်ကျောင်းသား ကိုထက်ပိုင်စိုးကို ရန်ကုန်အရှေ့ပိုင်း တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ အလုပ်နဲ့ထောင်(၁၀)နှစ် ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကြောင့် နိုင်ငံအဝှမ်းမှာ အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၃၇၄၅) ဦးအထိရှိနေပြီး ဖမ်းဆီးခံထားရသူလည်း (၂၃၆၇၄) ဦးအထိရှိနေပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရသူ (၁၁၅) ဦးရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ(၄၂)ဦးအပါ အဝင် (၁၂၁) ဦးမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့အတွက် စုစုပေါင်း သေဒဏ်ချမှတ်ခံထားရသူ (၁၅၇) ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.