Ventilation stacks and cranes at the disabled Fukushima Dai-ichi nuclear power plant are seen from a beach in Namie, about 7 km away from the power plant, in Fukushima Prefecture, Japan, February 28, 2023. REUTERS/Kim Kyung-Hoon/File photo

တိုကျို – ဇူလိုင်(၆) 

တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေရှိနေတဲ့ကြားက ဆူနာမီကြောင့် ပျက်စီးခဲ့ရတဲ့ ဖူကူရှီးမားဓာတ်ပေါင်းဖို ရေဒီယိုသတ္တုကြွအရည်တွေကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး သမုဒ္ဒရာထဲ လွှတ်ထုတ်နိုင်ဖို့ ဂျပန်အစိုးရဟာ ကုလနျူကလီးယားစောင့်ကြည့်ရေးရဲ့ အတည်ပြုချက်ရရှိခဲ့ပါ တယ်။ 

(၂) နှစ်ကျော်ကြာ သုံးသပ်မှု လုပ်ငန်းစဉ်တစ်ရပ်ဆောင်ရွက်ပြီးနောက် နိုင်ငံတကာအဏုမြူစွမ်း အင် အေဂျင်စီ(IAEA) ကဂျပန်အစိုးရရဲ့ အစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစံချိန်စံညွှန်း တွေနဲ့ ကိုက်ညီတယ်လို့ ပြောခဲ့ပြီး စွန့်ပစ်ရေဆိုးတွေဟာ လူတွေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ် စေတဲ့ ရေဒီယိုသတ္တုကြွအကျိုးဆက်နည်းပါးတယ်လို့ ပြောခဲ့တာပါ။ 

IAEA အကြီးအကဲ ဂရော့်စီက ရေထုတ်လွှတ်မှုကို စောင့်ကြည့်ဖို့ ဖူကူရှီးမားဓာတ်ပေါင်းဖိုမှာ အေဂျင်စီဝန်ထမ်းတွေကို ထားရှိပြီး စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ ထုတ်လွှတ်မယ့်ရေတွေကို ပြုပြင်မွမ်းမံတဲ့ လုံခြုံရေးလုပ်ငန်းစဉ်တစ်ရပ်ကို ထိန်းသိမ်းလုပ်ဆောင်ပြီး အိုလံပစ်အရွယ် ရေကူးကန်(၅၀၀) စာလောက်ရှိပြီး ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား စက်ရုံရဲ့ လောင်စာချောင်းတွေကို အအေးခံဖို့ အသုံးပြုနေပါတယ်။ 

တိုကျိုလျှပ်စစ်ဓာတ်အားဆိုင်ရာ အမျိုးသားနျူကလီးယားထိန်းချုပ်ရေးအဖွဲ့ဆီက ရေထုတ် လွှတ်ဖို့ အတည်ပြုချက်ကို ဆိုင်းငံ့ထားဆဲဖြစ်ပြီး သမုဒ္ဒရာထဲ ထုတ်လွှတ်မယ့် ရက်ကို အတိ အကျ ဖော်ပြထားတာတော့မရှိသေးပါဘူး။ 

၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်အပြီးမှာ ဂျပန်အစားအစာ ထွက်ကုန်တချို့ ကို နိုင်ငံအများအပြားက ပိတ်ဆို့တာနဲ့အတူ နိုင်ငံထွက်ကုန်တွေရဲ့ ဂုဏ်သိက္ခာဆည်နိုင်ရေး အတွက် ဂျပန်ငါးဖမ်းသမဂ္ဂတွေက ဒီအစီအစဉ်ကို ကာလရှည်ကြာကန့်ကွက်ခဲ့ကြတာဖြစ်ပြီး အဲဒီရက်တွေအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်တန့်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ 

တချို့အိမ်နီးချင်းနိုင်ငံတွေကလည်း ရေဆိုးထုတ်လွှတ်မှုဟာ အဏ္ဏဝါသဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့အတွက်ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ 

 “ဂျပန်အစိုးရအနေဖြင့် နိုင်ငံတာနှင့် ဂျပန်ပြည်သူလူထုကို သိပ္ပံနည်းပညာအားဖြင့် သက်သေ ပြချက်များကို အခြေခံပြီး ပြောဆိုရှင်းပြချက်များ ပွင့်လင်းမြင်သာမှုရှိစွာ ဆက်လက်ပံ့ပိုးပေး သွားမည်” လို့ ဝန်ကြီးချုပ်ကီရှီဒါက IAEA အကြီးအကဲကိုပြောခဲ့ပါတယ်။ 

ဒါပေမယ့် တရုတ်အစိုးရကတော့ IAEA အစီရင်ခံစာဟာ ရေဆိုးထုတ်လွှတ်ရေးအဖွက် Pass ပေးတဲ့အရာမျိုး မဖြစ်လာစေချင်သလို ရေဆိုးထုတ်လွှတ်ရေးအစီအစဉ်ကို ဆိုင်းငံ့ပေးဖို့လည်း ပြောဆိုထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.