နယူးဒေလီ – ဇူလိုင်(၅) 

အိန္ဒိယနိုင်ငံမှာ မီးရထားလမ်းအတားအဆီးတစ်ခုကို ပြုပြင်နေတဲ့ အလုပ်သမားတွေဟာ ကွက်ရက်ပေါ်က အလိုအလျောက် အချက်ပြစနစ်မှာ ချိတ်ဆက်မှု မှားယွင်းခဲ့တဲ့အတွက် နှစ်(၂၀) အတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံးလမ်းမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေး မှုတွေအရသိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ(၂) ရက်နေ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာ ပြည်နယ် ဘဟာနာဂါ ဘဇာ ဘူတာရုံ မှာ ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ(၂၈၈) ဦးသေဆုံးကာ (၁၀၀၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။ 

ခရီးသည်တင်ရထားတစ်စင်းဟာ ရပ်ထားတဲ့ ကုန်တင်ရထားကို တိုက်မိရာကနေ သံလမ်းပေါ်က ချော်ထွက်ကာ ဆန့်ကျင်ဘက်ကလာတဲ့ တခြားခရီးသည်တင်ရထားကို တိုက်မိခဲ့တာပါ။ 

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာတော့ အနီးနားက မီးရထားလမ်းအတားအဆီးမှာ မကြာခဏ ဖြစ်ပေါ်တက်တဲ့ ပြဿနာတွေကို ဖြေရှင်ဖို့ အချက်ပြ ပတ်လမ်းကို ပြုပြင်မွမ်းမံနေချိန် ပထမဆုံး မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မီးရထားဘေးကင်းရေးကော်မရှင်(CRS)ကဆိုပါတယ်။

မီးရထားဝန်ထမ်းတွေမှာ အတားအဆီးပတ်လမ်း အော့ဖ်လိုင်းကို ပြုပြင်ဖို့ ကြိုးပမ်းရာမှာ အချက်ပြစနစ်ရဲ့ ချိတ်ဆက်မှု ချို့ယွင်းသွားစေတဲ့ ဆားကစ့််ပတ်လမ်း စံသတ်မှတ်ချက် တစ်ခု မရရှိဘူးလို့ ဆိုထားပြီး အဲဒီစနစ်ချို့ယွင်းမှုကြောင့် ခရီးသည်တင်ရထားကို ကုန်တင်ရထားလမ်း ကြောင်းပေါ် ရောက်ရှိသွားတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

စုံစမ်းဆေးသူတွေက ရထားလမ်းအတားဆီးကို ပြုပြင်တဲ့ လုပ်ငန်းနဲ့ အချက်ပြစနစ်ရဲ့ လူကိုယ် တိုင် လုပ်ဆောင်တဲ့ ရှောင်တိမ်းတာကို လုပ်ဆောင်ဖို့ ဆက်သွယ်ရေးကို အာရုံစိုက်နေတယ်လို့ ရိုက်တာက ပြီးခဲ့တဲ့လက ဖော်ပြထားပါတယ်။ 

ကမ္ဘာ့စတုတ္ထအကြီးဆုံး မီးရထားကွန်ရက်နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ မီးရထားဘုတ်အဖွဲ့က ဦးစီး လုပ်ဆောင်နေတာဖြစ်ပြီးမီးရထားဝန်ကြီးဌာနကိုအစီရင်ခံတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ အခြေခံအဆောက်အဦးနဲ့ ဆက်သွယ်မှု မြှင့်တင်ဖို့ တွန်းအားပေးမှု အောက်မှာ တောက်ပတဲ့ ရထားအသစ်တွေကို ခေတ်မီဘူတာရုံတွေနဲ့အတူ ဒေါ်လာ ဘီလျံ(၃၀) အသုံးပြုထားတဲ့ ရထားလမ်းကွန်ရက်ကို အသွင်ပြောင်းလဲနေပေမယ့် မတော်တဆမှုတွေ အတွက် ဘေးကင်းလုံခြုံရေးရဲ့ လုံလောက်တဲ့ အာရုံစိုက်မှု ရှိ/မရှိ ဆိုတဲ့မေးခွန်းတွေ ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။ 

အချက်ပြစနစ်နဲ့ တယ်လီကွန်းဌာနမှာ အဆင့်များစွာ ပြတ်တောက်မှုရှိနေတယ်လို့ CRS စုံစမ်း စစ်ဆေးရေး အစီရင်ခံစာမှာ ဖော်ပြထားပြီး ပြုပြင်မှုလုပ်ငန်းစဉ်အတွင်း စံချိန်စံညွှန်းအရ လည်ပတ်တဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာတာ မရှိသေးဘူးလို့ အစီရင်ခံစာက ဖော်ပြထားပါ တယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.