မြောင် – ဇူလိုင်(၃)
စစ်ကိုင်းတိုင်း၊ တကသများကွန်ရက် မုံရွာ၊မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ မြောင်လူငယ်ကွန်ရက်တို့ ဦးဆောင်ပြီး မြောင်မြို့နယ်အတွင်းမှာ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်း ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်း လူငယ်တွေရဲ့ အခန်းကဏ္ဍမြှင့်တက်လာရေး၊ တော်လှန်ရေးမှာ ပိုမိုချိတ်ဆက်ပါဝင်လာနိုင်ရေးတို့ကို ရည်ရွယ်ပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းကို (၂) ရက်တာ ပြုလုပ်ခဲ့တာပါ။
သင်တန်းမှာ မြန်မာ့တော်လှန်ရေးသမိုင်းကြောင်း မိတ်ဆက်၊ဖက်ဒရယ်မိတ်ဆက်၊ဒီမိုကရေစီ မိတ်ဆက်၊ကျောင်းသားသမိုင်းလှုပ်ရှားမှုများ၊ အခြေခံလူ့အခွင့်အရေးသဘောတရားများနဲ့ လူထုရှေ့မှောက်စကားပြောတာစတဲ့ အကြောင်းအရာတွေကို ဟောပြောပို့ချခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Chaw Su San