ပဲရစ်၊ ဇူလိုင်(၄)

 ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရွန်ဟာ အသက် ၁၇ နှစ်အရွယ် နာဟယ်အမ် သေဆုံးပြီးနောက် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မြို့တွေရဲ့မြို့တော်ဝန် (၂၂၀) ဦးနဲ့ ဇူလိုင် (၄) ရက်နေ့မှာ တွေ့ဆုံ မှာဖြစ်တယ်လို့ France 24 သတင်းဌာနက ဖော်ပြပါတယ်။ 

လွန်ခဲ့တဲ့ (၅)ရက်က မြို့ကြီးတွေမှာဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုတွေကို နှိမ်နင်းဖို့ကြိုးပမ်းနေတဲ့ ပြည်ထဲရေး ဝန်ကြီးက ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာ ရဲနှင့် ရဲအရာရှိ (၄၅၀၀၀) ကို (၃) ညဆက်တိုက် တပ်ဖြန့်မယ်လို့လည်း ကြေညာခဲ့တာပါ။

 နာဟယ်အမ်ဆိုတဲ့ အသက် (၁၇) နှစ်အရွယ် လူငယ်ဟာ အင်္ဂါနေ့နံနက်ပိုင်းက ပါရီမြို့ ဆင်ခြေဖုံးရှိ နန်တာရီမှာ ရဲအရာရှိတစ်ဦးက သေနတ်ဖြင့်ပစ်သတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး သူဟာအဝါရောင် မာစီဒီးကားကို မောင်းနှင် ကာ လမ်းစည်းကမ်းဖောက်ဖျက်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

နာဟယ်အမ်ဟာ သူ့ကားကို မောင်းနှင်နေစဉ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ရဲက ကနဦး သတင်းပေးခဲ့ ပေမယ့် အဲဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး နောက်ပိုင်းမှာ AFP က စစ်မှန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 ဗီဒီယိုဖိုင်ထဲမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ ကားထဲကလူကို လက်နက်ဖြင့် ချိန်ထားပြီး “မင်း ခေါင်းမှာ ကျည်ဆံမှန်ရ လိမ့်မယ်” လို့ ပြောဆိုကာ နောက်တော့ ကားကရုတ်တရက် မောင်းထွက်သွားပါတယ်။ ဒီလိုမောင်းထွက်လိုက် တဲ့အချိန်မှာပဲ ရဲအရာရှိက စတင်ပစ်ခတ်လိုက်တာဖြစ်ပြီး ကားဟာတဖြည်းဖြည်း ရပ်တန့်သွားခဲ့တာ ဖြစ်ပါ တယ်။ 

အဲဒီဖြစ်ရပ်ဟာ ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ မြို့တော်တွေနဲ့ မြို့ကြီးတွေမှာ ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဆက်တိုက်ဖြစ်ပွားစေခဲ့ပါတယ်။ 

Ref, France 24

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.