ဟနွိုင်း – ဇူလိုင်(၅) 

ဘာဘီရုပ်ရှင်မှာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပိုင်နက်မြေပုံကိုသာ တဖက် သတ် ဖော်ပြခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် အဲဒီရုပ်ရှင်ကို ဗီယက်နမ်အစိုးရက ပိတ်ပင်လိုက်ပါ တယ်။ 

တောင်တရုတ်ပင်လယ်နေရာ အများအပြားတောင်းဆိုတဲ့ U အက္ခရာပုံသဏ္ဍာန်ရှိတဲ့ Nine Dash Line ကို တရုတ်မြေပုံတွေအဖြစ် ဖော်ပြထားတာဖြစ်ပြီး အဲဒီထဲမှာ ဗီယက်နမ်ရဲ့ လောင်စာဆီ ကြွယ်ဝတဲ့ ကုန်းမြေတည်နေရာ ကမ်းရိုးတန်းလည်းပါဝင်နေတာပါ။ 

တရုတ်နိုင်ငံက သူ့ပိုက်နက်အဖြစ် တောင်းဆိုထားတဲ့ Nine Dash Line နေရာကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က The Hague တရားရုံးတော်က ငြင်းပယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

၂၀၁၉ ခုနှစ်ကလည်း Dream Work ရဲ့ ကာတွန်းရုပ်ရှင်ဖြစ်တဲ့  “Abominable” နဲ့ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်တဲ့ အက်ရှင်ဇာတ်ကား “Uncharted” ကိုလည်း Nine Dash Line လိုတူညီတဲ့ အကြောင်းအရာနဲ့ ပိတ်ပင်ခဲ့တဲ့အပြင် ဩစတြေးလျရဲ့ Spy Drama ဖြစ်တဲ့ Pine Gap ကိုလည်း ဖယ်ရှားခဲ့ဖူးတယ်လို့ သိရပါတယ်။ 

Margot Robbie နဲ့ Ryan Gosling တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘာဘီရုပ်ရှင်ကို လာမယ်ဇူလိုင် လ(၂၁) ရက်နေ့မှာ စတင်ပြသဖို့ စီစဉ်ထားတာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြထားပါ တယ်။ 

ဘာဘီရုပ်ရှင်ကို ဗီယက်နမ်မှာ ရုံတင်ဖို့ လိုင်စင်မပေးပါဘူး လို့ လိုင်စင်နဲ့ နိုင်ငံခြားရုပ်ရှင်တွေကို ဆင်ဆာဖြတ်ဖို့ တာဝန်ယူထားတဲ့ အစိုးရ ရုပ်ရှင်ဌာန အကြီးအကဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းစာက ဖော်ပြထားပါတယ်။ 

အခုလို ရုံတင်ခွင့်မပေးခဲ့တာနဲ့ပတ်သက်ပြီး ဘာဘီရုပ်ရှင် လုပ်ထုတ်ထားတဲ့ Warner Bros ကို မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။ 

ဗီယက်နမ်နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်ရဲ့ စွမ်းအင်ကြွယ်ဝတဲ့ ကမ်းရိုးတန်းတ လျှောက် နယ်နိမိတ်တောင်းဆိုချက်တွေ တူညီနေပြီး ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကို စော်ကားတယ်လို့ တရုတ်အစိုးရကို ပြစ်တင်လေ့ရှိပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.