တိုင်ပေ၊ ဇူလိုင်(၅)
ထိုင်ဝမ်မှာ လာမယ့်ဇန်ဝါရီလမှာစတင်အကျုံးဝင်မယ့် မဖြစ်မနေစစ်မှုထမ်းခြင်းကို ပြောင်းပြန်လှန်ပစ်မယ်လို့ အတိုက်အခံ သမ္မတ ကိုယ်စားလှယ်လောင်းက ပြောကြားခဲ့ပါတယ်။
တကယ့်လိုအပ်ချက်မဟုတ်တဲ့ ကာလရှည်ကြာ စစ်မှုထမ်းခြင်းကို တရုတ်အစိုးရနဲ့ပြေလည်ပါ က လျှော့ချနိုင် မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျရွေးကောက်ခံ ထိုင်ဝမ်နဲ့ ဘေဂျင်းတို့ရဲ့ ဆက်ဆံရေးဟာ နောက်နှစ် ဇန်နဝါရီလ ၁၃ရက်နေ့ မှာ ကျင်းပမယ့်ရွေးကောက်ပွဲက အဓိ ပြဿနာတစ်ရပ်ဖြစ်နေပြီး လတ်တလောအချိန်မှာတော့ တရုတ်ဟာ ကျွန်းကို သူတို့ရဲ့ အပိုင်အဖြစ်ကြွေးကြော်ကာ ဝင်ရောက်သိမ်းပိုက်မှာကိုလည်း စိုးရိမ်နေရတာပါ။
လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြီးထွားလာတာနဲ့အမျှ ထိုင်ဝမ်သမ္မတကလည်း အမျိုးသားတွေ အားလုံးအတွက် မဖြစ်မနေ စစ်မှုထမ်းဖို့ အမိန့်ကို ၄ လကနေ တစ်နှစ်အထိ သက်တမ်းတိုးမြှင့် လိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ကူမင်တန်ပါတီရဲ့ ကိုယ်စားလှယ်လောင်းက ပြောကြားရာမှာ တော့ လက်ရှိ အာဏာပါတီဟာ စစ်ပွဲအန္တရာယ်ကို ဖော်ဆောင်နေတာဖြစ်ပြီး သူကတော့ငြိမ်း ချမ်းရေးကို သေချာစေဖို့ အ လုပ်လုပ်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
တရုတ်ကလည်း ထိုင်ဝမ်ကို သူတို့ရဲ့ အပိုင်အဖြစ်အစဉ်အမြဲကြွေးကြော်နေပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာ ကို လက်ခံဖို့ စစ်ရေးနဲ့ သံတမန်ရေး ဖိအားတွေကို တိုးမြှင့်လုပ်ဆောင် လျှက်ရှိနေတာပါ။
ထိုင်ဝမ်ရဲ့ လက်ရှိအ စိုးရကတော့ တိုင်းသူပြည်သားတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်မယ်လို့ ကြွေးကြော်ထားပါတယ်။
KMT ဟာ အစဉ်အလာအားဖြင့် တရုတ်နိုင်ငံနဲ့နီးကပ်တဲ့ ဆက်ဆံရေးကို နှစ်သက်လေ့ရှိပြီး လက်ရှိ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ကတော့ တရုတ်အနေနဲ့ နှစ်ဖက်စလုံးဟာ တရုတ်တစ် နိုင်ငံတည်းရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတဲ့ပြောဆိုချက်ကို ပယ်ချခဲ့တာကြောင့် ပေကျင်းက ဒေါသထွက်နေတာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်နှစ်ရပ်စလုံးသည် တရုတ်တစ်နိုင်ငံတည်းရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း KMT ရဲ့ ရပ်တည် ချက်ကို ထောက်ခံကြောင်း အတိုက်အခံပါတီခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။
သမ္မတဆိုင်အင်ဝမ်ဟာ ၂၀၁၆ ခုနှစ်မှာ သမ္မတ ရာထူးတာဝန်ယူခဲ့ပြီး သက်တမ်းကန့်သတ် ချက်တွေကြောင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိတော့ဘူးလို့ လည်း သိရပါတယ်။
Ref,Reuters