မော်လမြိုင် – ဇူလိုင်(၃)
အာဏာသိမ်းစစ်ကောင်စီက ဇွန်လအတွင်း ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု (၉၃) ကြိမ် အထိရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ နေရာတွေထဲမှာ စစ်ကိုင်းတိုင်းက (၇၉) ကြိမ်နဲ့ အကြိမ် အများဆုံးဖြစ်ပြီး ပြည်သူပိုင်နေအိမ် (၂၅၁၁)လုံးနဲ့ မီးရှို့သတ်ဖြတ်ခံရသူ (၉) ဦးအထိရှိခဲ့တာပါ။
မီးရှို့ဖျက်ဆီးခံရမှုတွေထဲက မကွေးတိုင်းမှာ(၃)ကြိမ်၊ အိမ် (၇၇)လုံး၊ မန္တလေးတိုင်းမှာ(၂) ကြိမ်၊ အိမ်(၁၀)လုံး၊ ကချင်ပြည်နယ်မှာ (၂)ကြိမ်၊အိမ်(၁၀)လုံး၊ရှမ်းပြည်နယ်မှာ (၂) ကြိမ်၊အိမ်အလုံး(၄၀) နဲ့ တနင်္သာရီတိုင်းမ်ှာ (၅) ကြိမ်၊ အိမ်(၁၄) လုံးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ စာသင်ကျောင်း(၃) ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (၄)လုံးပါဝင်တယ်လို့ သိရပါတယ်။
NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့အချက်အလက်တွေဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်မှာ ရှိတဲ့ ပြည်သူတွေပေးပို့တဲ့ အချက်အလက်တွေကို စိစစ်ဖော်ပြထားတာဖြစ်တယ်လို့ ဆိုထားပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG