June 2023

မယ်စဲ့ မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းအဖွဲ့ ထပ်မံ သိမ်းပိုက်

မယ်စဲ့ – ဇွန်(၂၄) ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီအခြေစိုက်စခန်း တစ်ခုကို ကရင်နီပူးပေါင်းတပ်တွေ ထပ်မံသိမ်းယူလိုက်နိုင်တယ်လို့ ကရင်နီစစ်ရေး သတင်း အချက်အလက်စင်တာက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၃) ရက်နေ့ မနက်အစောပိုင်းမှာ မယ်စဲ့အရှေ့ဘက်က စစ်ကောင်စီ ဗျူဟာကုန်း ကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းယူးခဲ့တာပါ။ ကရင်နီပူးပေါင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့တဲ့ စခန်းကုန်းတွေဟာ စစ်ကောင်စီ အတွက် အလွန်အရေးပါတဲ့…

မကွေး PDF တပ်ရင်း (၅) ရင်းကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ MOD ထုတ်ပြန်

မကွေး – ဇွန်(၂၄) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ စုဖွဲ့၊လေ့ကျင့်၊လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်မှု အခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၃) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူတွေ၊တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေတက်ရောက်ခဲ့ကြပြီး မကွေးတိုင်း တာဝန်ခံက မိန့်ခွန်းပြောကြားကာ တာဝန်ရှိသူတွေက တပ်ရင်း(၅)…

မယ်စဲ့ရဲစခန်းကို KNPP/PDFအဖွဲ့များ ဝင်တိုက်ခဲ့သော်လည်း မသိမ်းနိုင်ဟု စစ်ကောင်စီ လော်ဘီများ ဝါဒဖြန့်(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ကရင်နီပြည်၊ မယ်စဲ့မြို့မရဲစ ခန်းကို KNPP/PDFအဖွဲ့များ ဝင်ရောက်စီးနင်း သိမ်းယူနိုင်မှုမရှိ”ဆိုတဲ့ ဓာတ်ပုံတစ်ပုံနှင့် အတူ စစ်တပ်ထောက်ခံသူတွေ ဖြန့်ချိအကြောင်းအရာကို…

ဒေါ်လာနဲ့ရွှေဈေး ခန့်မှန်းမရတဲ့အထိ ဈေးတက်လာ

မော်လမြိုင်၊ ဇွန်(၂၄) စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ပြုလုပ်လိုက်ပြီးနောက် ဒေါ်လာနဲ့ရွှေဈေးနှုန်းဟာ ခန့်မှန်းလို့မရတဲ့အထိ ဈေးနှုန်းမြင့်တက်လာသလို မတည်ငြိမ်မှု ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ အမေရိကန်အစိုးရက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူသန်းရောင်းဝယ်ရေးဘဏ် (MICB) အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ဇွန် ၂၁ ရက်နေ့မှာ ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်တာပါ။…

ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် သင်္ချာဦးရဲနိုင်ပစ်သတ်ခံရ

ကျိုက်ထို၊ ဇွန်(၂၄) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရဲနိုင်အောင်(ခေါ်)သင်္ချာဦးရဲနိုင်ဟာ ဇွန် ၂၂ ရက်နေ့ ညနေပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ သင်္ချာဦးရဲနိုင်ဟာ ကျိုက်ထိုမြို့ကနေ ကျိုက်ပိကျေးရွာဘက်ကို ကျူရှင်သင်ဖို့အသွား ကျိုက်ပိတောရ ကျောင်းမုဒ်ဝရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သင်္ချာဦးရဲနိုင်ဟာ လည်ပင်း၊ ရင်ဘတ်နဲ့ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၉ ချက်ရရှိပြီး…

ကော့သောင်းပြည်သူ့စစ် စခန်းငယ်တစ်ခုစီးနင်းခံရ ခေါင်းဆောင်အပါအဝင် ၃ ဦး သေဆုံး

ကော့သောင်း၊ ဇွန်(၂၄) တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ရေငန်းချိုင်ကျေးရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့ စစ် စခန်းငယ်တစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၃ ဦး သေ ဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်(ပဖက) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေငန်းချိုင်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို ဇွန် ၂၂ ရက်နေ့ မနက် ၁ နာရီလောက်မှာ တနင်္သာရီမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က…

စစ်အာဏာသိမ်း (၈၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၉၂ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၄) AAPP ရဲ့ ဇွန်(၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၇၃)ရက်အတွင်း ပြည်သူ (၃၆၉၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၄၄၁ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၅) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

အေးချမ်းနေတဲ့တိုင်းပြည်ကို လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်အောင် EAO တချို့ ဖန်တီးခဲ့တာလို့ စစ်ကောင်စီစွပ်စွဲ

ရန်ကုန်၊ ဇွန်(၂၄)နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေတဲ့ တိုင်းပြည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တချို့က လူငယ်တွေကို PDF အဖြစ် သင်တန်းပေးလက်နက်ကိုင်ဆင်ကာ ဒေသတွင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။ထိုင်းနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုအရ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တ ရားမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာအရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး…

KNU နယ်မြေမှာ လက်နက်ကြီးကြောင့် တစ်လအတွင်း ဒေသခံ ၂၀,၀၀၀ ကျော် စစ်ရှောင်ခဲ့ရ

ကော့ကရိတ်၊ ဇွန်(၂၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)အုပ်ချုပ်နယ်မြေထဲမှာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လတာအတွင်း အရပ်သားပြည်သူ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲမှာ မေလအတွင်းက စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှု(၉)ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု(၁၀၂)ကြိမ်…

ကမာဝက်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မုဒုံ၊ ဇွန်(၂၄) မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ သြဇာခံ ပြည်သူ့အဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ လုံခြုံရေးယူလေ့ရှိတဲ့ အထက်တန်းကျောင်းအနီး ကင်းတဲမှာ ဇွန် ၂၂ ရက်နေ့ နေ့ လည် ၃ နာရီအချိန်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းရှေ့ကင်းတဲမှာ လုံခြုံရေးယူနေတဲ့…