June 2023

စစ်အာဏာသိမ်း (၈၇၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၀၁ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၇) AAPP ရဲ့ ဇွန်(၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၇၆)ရက်အတွင်း ပြည်သူ (၃၇၀၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၅၉၈ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ဒေါ်လာနဲ့ရွှေဈေးဂယက်ကြောင့် အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံသူပိုများလာ

မော်လမြိုင်၊ ဇွန်(၂၇) စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်နီးပါးအတွင်း တစ်စထက်တစ် ထိုးတက်လာတဲ့ ပြည်တွင်းဒေါ်လာနဲ့ ရွှေဈေးကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းက အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာတယ်လို့ အကျိုးဆောင်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပြီးနောက် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၂၀၀ ကျော်နဲ့ အခေါက်ရွှေတစ်ကျပ်သား…

မွန်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုလမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုတွေစတင်ထိန်းချုပ်

ရေး၊ ဇွန်(၂၇) မွန်ပြည်နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ထိန်းချုပ်မှုတွေ စတင်လုပ်ဆောင်နေပြီး အခြေအနေအတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီလို့ တော်လှန်ရေးအင်အားစုပူးပေါင်း စစ်ကြောင်းတာဝန်ရှိသူတွေကို သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ကစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်၊ အမှတ်(၈)လမ်းမကြီးတစ်လျှောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းတွေဟာ နယ်မြေထိန်းချုပ်ဖို့ လှုပ်ရှားမှုတွေ…

လမိုင်းမြို့ရှိ ဌာနဆိုင်ရာရုံးအများစုကို စစ်ကောင်စီလက်လွှတ်

ရေး၊ ဇွန်(၂၇) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ရှိ ဌာနဆိုင်ရာရုံးအများစုကို စစ်ကောင်စီက ပိတ်ထားလိုက်ပြီး ရုံးဝန်းထမ်းတွေကို ရေးမြို့နယ်ဌာနဆိုင်ရာရုံးတွေထံ ပြောင်းရွှေ့ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်မြေလုံခြုံရေး စိုးရိမ်ရတဲ့အခြေအနေကြောင့် စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ဌာနဆိုင်ရာရုံးတွေကို တဖြည်းဖြည်းချင်းပိတ်လာတာဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေးဦးစီးဌာနရုံး တစ်ရုံးသာ ဖွင့်လှစ်ထားတာပါ။ စစ်ကောင်စီက ဌာနဆိုင်ရာရုံးတွေကို ပိတ်ထားတာကြောင့် မြို့ခံတွေဟာ ရုံးပိုင်းဆိုင်ရာ…

သရက်ချောင်းမြို့နယ်ရငဲရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့နေ

သရက်ချောင်း၊ ဇွန်(၂၇) နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန် ၂၆ ရက်နေ့မှာလည်း မီးရှို့ဖျက်ဆီးတာတွေ ထပ်မံလုပ် ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရငဲရွာအနီး မြွေတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့မနက် ၈ နာရီအချိန်လောက်က ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။ စစ်ကောင်စီတပ်…

အနာဂတ်မှာ ဟိုက်ဒရိုကာဗွန်တွေဟာ အာဆီယံရဲ့စွမ်းအင်ရောနှောမှုမှာ အရေးပါတဲ့အစိတ်အပိုင်း ဖြစ်လာမယ်

ကွာလာလမ်ပူ၊ ဇွန်(၂၇) ဟိုက်ဒရိုကာဗွန်တွေဟာ စွမ်းအင်လုံခြုံမှုကြောင့် အရှေ့တောင်အာရှမှာ စွမ်းအင်ရောနှောမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇွန်လ (၂၆) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိစေရေး ပစ်မှတ်တွေကို အောင်မြင်ဖို့အတွက် စီးပွားရေးဖွံ့ဖြိုးအောင်တိုးချဲ့ မှုတွေကလည်း အပြန်အလှန်အားဖြင့်မဖြစ်သင့်ဘူးလို့ မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ ပက်ထရွန်နက်စ်က ကျင်းပတဲ့ Energy Asia ညီလာခံ ဖွင့်ပွဲတွင်…

Move Forward ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ရာထူးနဲ့ လွဲရင် ဖြစ်လာနိုင်တဲ့ ဆန္ဒပြပွဲတွေ ထိန်းသိမ်းဖို့ ထိုင်းစစ်တပ်နဲ့ ရဲ ပြင်ဆင်နေ

ဘန်ကောက် – ဇွန်(၂၇) ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖိထာ အနေနဲ့ ဝန်ကြီးချုပ်ရာထူး နဲ့ လွဲချော်ခဲ့ရင် ဖြစ်လာနိုင်တဲ့ မငြိမ်မသက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ပြင်ဆင်ဖို့ စစ်တပ်နဲ့ ရဲ့ တပ်ဖွဲ့ဝင်တွေ ဆွေးနွေးနေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဝန်ကြီးချုပ်အဖြစ် ဖိထာကို ရွေးချယ်နိုင်ဖို့အတွက် Move Forward ပါတီဦးဆောင်တဲ့ ပါလီမန် အမတ်(၃၁၃)…

ဝဂ်နာအဖွဲ့ရဲ့ ပုန်ကန်မှုကို ဖြေရှင်းပြီးနောက် ရုရှားကို ထောက်ခံကြောင်း တရုတ်ဖော်ပြ

ဘေဂျင်း – ဇွန်(၂၇) ရုရှားနိုင်ငံရဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရာတ်က ရုရှားကို ထောက်ခံတယ်လို့ ဝဂ်နာကြေးစားအဖွဲ့ရဲ့ လက်နက်ကိုင်ပုန်ကန်မှုကို ဖြေရှင်းပြီး တစ်ရက်အကြာမှာ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အာဏာချုပ်ကိုင်မှုကို အဆိုးရွားဆုံး စိန်ခေါ်မှု တစ်ခုဖြစ်ပေါ်ပြီးနောက် ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရူဒင်ဂို က နိုင်ငံတကာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့…