June 2023

ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍအတွက် အင်ဒိုနီးရှားကို ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်

ဇူရစ် – ဇွန်(၂၉) အင်ဒိုနီးရှားနိုင်ငံမှာ ပိုမိုသန့်ရှင်းတဲ့ လျှပ်စစ်စွမ်းအား အသုံးပြုနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁.၄) ဘီလျံ တန်ဖိုးရှိတဲ့ စီမံကိန်းတစ်ခုကို ကမ္ဘာ့ဘဏ်က ဇွန်လ(၂၇) ရက်နေ့က အတည်ပြုပေး ခဲ့သလို ကလေးသူငယ်အဟာရဖွံ့ဖြိုးရေး စီမံကိန်းအတွက်လည်း ကန်ဒေါ်လာ (၆၀၀) မီလျံ ပံ့ပိုး သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ လျှပ်စစ်ဓာတ်အားစီမံကိန်းဟာ အင်ဒိုနီးရှား အရှေ့ဘက် နေရာတွေအတွက် လျှပ်စစ်ဓာတ်အား…

ထိုင်းဘုရင်မကြီးရဲ့ မော်တော်ယာဉ်တန်းကို ပြေးဝင်ဆန္ဒပြခဲ့သူတွေ တရားသေပြန်လွတ်လာ

ဘန်ကောက် – ဇွန်(၂၉) ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဆန္ဒပြပွဲအတွင်း ဘုရင်မကြီးကို အကြမ်းဖက်ဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်တင်ခံထားရတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ (၅) ဦးကို တရားရုံးက တရားသေလွှတ် ပေးခဲ့တယ်လို့ တရားရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့တစ်ခုက ရိုက်တာကိုပြောပါတယ်။ မိဖုရားသုသီတာ လိုက်ပါလာတဲ့ ဘုရင့်မော်တော်ယာဉ်တန်းက ဆန္ဒပြသူတစ်စုကို ကျော်ဖြတ် မောင်းနှင်နေချိန်မှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။ လူငယ်တစ်စုဦးဆောင်တဲ့…

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ကို စစ်ကောင်စီ ထောင်(၄) နှစ်ထပ်ချ

ရန်ကုန် – ဇွန်(၂၈) ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ကို စစ်ကောင်စီ က ပြီးခဲ့တဲ့ ဇွန်လ(၂၇) ရက်နေ့က ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ်(၄) နှစ်ထပ်မံချက်မှတ်ခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်အထိ ကျခံရတော့မှာဖြစ်ပါတယ်။ မဝတ်ရည်အောင်ကို လက်ရှိအချိန်မှာ အင်းစိန်ထောင်အတွင်း ဖမ်းဆီးထားပြီး မတရားဖိနှိပ်မှု၊ အတင်းအဓမ္မနှိပ်စက်မှု၊ ကျန်းမာရေးစောင့်ရှောက်ခွင့်မပေးမှုတွေ ခံစားနေရသလို…

သရက်ချောင်း ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

သရက်ချောင်း၊ ဇွန်(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအနီးရှိ စစ်ကောင်စီ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်တဲ့ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို ဇွန် ၂၆ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က စမ်းသပ်ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ဆေးရေးဂိတ်…

တနင်္သာရီမှာ လက်နက်ကြီးကြောင့် ဒေသခံ ၃၀၀၀ ကျော် ညတွင်းချင်းထွက်ပြေးနေရ

တနင်္သာရီ၊ ဇွန်(၂၈) တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပဝရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ တနင်္သာမြို့နယ် ပကဖတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်တုံးကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၆ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ညနေ ၇ နာရီအချိန်လောက်က ပဝကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း…

စစ်အာဏာသိမ်း (၈၇၇)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၀၉ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၈) AAPP ရဲ့ ဇွန်(၂၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၇၇)ရက်အတွင်း ပြည်သူ (၃၇၀၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၆၂၉ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စစ်ကောင်စီလက်ထက် မသန်စွမ်းဖြစ်ပွားမှု စိုးရိမ်ဖွယ်မြင့်တက်လာ

ရန်ကုန်၊ ဇွန်(၂၈) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခတွေအပြင် တခြားသော အခြေအနေအမျိုးမျိုးကြောင့် မသန်စွမ်းအရေအတွက် စိုးရိမ်ဖွယ်မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MCERP) ဥက္ကဋ္ဌက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ မသန်စွမ်းသူတွေ ထပ်တိုးလာရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ မွေးရာပါမသန်စွမ်းတွေရှိသလို ရောဂါကြောင့် မသန်းစွမ်းဖြစ်ရတာတွေရှိတဲ့အပြင် သဘာဝဘေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခဘေးတွေကြောင့်လည်း အရေအတွက် ထပ်တိုးလာတာ…

မြန်မာစစ်တပ် အမျိုးသမီးစစ်သည်တွေကို ခပ်စိပ်စိပ်ခေါ်ယူလာ

ရန်ကုန်၊ ဇွန်(၂၈) နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာစစ်မှုထမ်းဖို့ အခြားအဆင့်အမျိုးသမီးစစ်သည်ခေါ်ယူမှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်ကလည်း အရာရှိမဟုတ်တဲ့ အခြားအဆင့်အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှုတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် လပိုင်းခြားပြီးခေါ်ယူမှုတွေ လုပ်ဆောင်လာတာပါ။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသမီးစစ်သည်တွေကို ၄ ကြိမ်အထိ ခေါ်ယူထားတာဖြစ်ပြီး အခုနှစ်ခြောက်လအတွင်းမှာပဲ ၂ ကြိမ်…