June 2023

ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျတဲ့ စိတ်ဓာတ်ရှိသူတွေကို မြေပေါ်က အပြီးတိုင် မောင်းထုတ်ဖို့ ကြိုးစားနေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – ဇွန်(၉) လက်နက်ကိုင်ပြီး ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျတဲ့ စိတ်ဓာတ်ရှိသူတွေကို မြေပေါ်က အပြီးတိုင် မောင်းထုတ်နိုင်စေဖို့ အားလုံး ကြိုးစားဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၈) ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၃/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။ “လက်နက်ကိုင်ပြီး ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ စိတ်ဓာတ်ရှိသူတွေကို…

ဦးသန်းမြင့်သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း NUG သဝဏ်ပေးပို့

ရန်ကုန် – ဇွန်(၉) အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်(ခ) Sayedul Anwar သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၇) ရက်နေ့ ည(၁၁) နာရီက ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ အမည်မသိလူတစု ရဲ့ သတ်ဖြတ်ခဲ့တဲ့အတွက် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ခံယူခဲ့ရတာပါ။…

“အာဏာရှင်နဲ့ အလုပ်ရှင်တွေ ပေါင်းပြီးတော့မှ အလုပ်သမားတွေကို ဖိနှိပ်ဂုတ်သွေးစုပ်နေကြတာ”

စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေဟာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရတာ၊ အတင်းအဓမ္မ အလုပ် ခိုင်းစေခံရတာ၊ အလုပ်ရှင်တွေက ဥပဒေအကာအကွယ်ပေးမှု နည်းပါးမှုကို အခွင့်အကောင်းယူပြီး အလုပ်သ မားတွေကို နေ့စဉ်အလုပ်ချိန် ၁၂ နာရီအထိ အလုပ်လုပ်ခိုင်းတာ၊ တနင်္ဂနွေနေ့တွေမှာပါ အတင်းအဓမ္မ အလုပ် ဆင်းခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အလုပ်သမားတွေဟာ လုပ်ခလစာ အပြည့်အဝမရတာအပြင် အချိန်ပိုဆင်း ရပေမယ့် အချိန်ပိုကြေးမရတာ…

မြောက်ပိုင်း ၃ ဖွဲ့နှင့် မအောင်မြင်သည့်ဆွေးနွေးမှုကို အောင်မြင်ကြောင်း စစ်လော်ဘီတွေဝါဒဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်း ပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့်ကြောင့် တွေ့ဆုံခဲ့သည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲသည် ရလာဒ်ကောင်းများနဲ့ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့“ဆိုတဲ့…

တနင်္သာရီမှာ ရိက္ခာလာပြန်ယူတဲ့ စစ်ရှောင်ဒေသခံ ၇ ဦး ဖမ်းဆီးခံရ

တနင်္သာရီ၊ ဇွန်(၉) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာမှာ ရိက္ခာလာပြန်ယူတဲ့ စစ်ရှောင်ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၇ ရက်နေ့ နေ့လည်ပိုင်းက ညောင်ပင်ကုန်းကျေးရွာမှာ ရိက္ခာလာပြန်ယူတဲ့ စစ်ရှောင်ဒေသခံ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးဟာ စားနပ်ရိက္ခာလာပြန်ယူစဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ…

စစ်အာဏာသိမ်း (၈၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၃၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၉) AAPP ရဲ့ ဇွန်(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၅၈)ရက်အတွင်း ပြည်သူ (၃၆၃၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၂၉၂ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ပြင်ပပေါက်ဈေးနဲ့ ပုဂ္ဂလိကဘဏ်တွေ အသေးသုံးနိုင်ငံခြားငွေရောင်းချလာ

ရန်ကုန်၊ ဇွန်(၉) ပြည်ပထွက်ခွာမယ့် မြန်မာနိုင်ငံသားတွေအတွက် အသေးသုံးနိုင်ငံခြားငွေတွေကို ဝယ်ယူမယ့်ရက် ပြင်ပပေါက်ဈေးအတိုင်း ရောင်းချပေးနေတယ်လို့ ပုဂ္ဂလိကဘဏ်တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ အသေးသုံးနိုင်ငံခြားငွေကို ပြည်ပမှာသွားရောက်အလုပ်လုပ်သူတွေ၊ ဆေးကုသမှုခံယူသူတွေနဲ့ ပညာတော် သင်သွားမယ့်သူတွေအတွက် မြန်မာနိုင်ငံသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အတွင်းဝယ်ယူနိုင်ပြီလို့ ပုဂ္ဂလိကဘဏ်တွေက ဇွန် ၅ ရက်နေ့မှာ ထုတ်ပြန်ထားကြပါတယ်။ အလုပ်သွားလုပ်မယ့်သူတွေကို နိုင်ငံကူးလက်မှတ်မိတ္တူ၊ အလုပ်ခန့်စာ၊ လေယာဉ်လက်မှတ်…

စစ်ကောင်စီလက်ထက် စိုးရိမ်ဖွယ်ဖြစ်လာတဲ့ အများပြည်သူသုံးလမ်းပိုင်းအန္တရာယ်

မော်လမြိုင်၊ ဇွန်(၉) စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အများပြည်သူသုံးလမ်းပိုင်းတွေမှာ တိုက်ပွဲတွေအပြင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ယာဉ်မောင်းတွေက တညီတညွတ်တည်း ပြောဆိုလာပါတယ်။ အများပြည်သူသုံးလမ်းပိုင်းတွေဟာ အရင်ကကုန်ပစ္စည်း ပို့ဆောင်တာနဲ့ ခရီးသွားလာရာမှာ နေ့ရောညပါ လုံခြုံစိတ်ချစွာသွားလာလို့ရခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ဒေသအများစုရဲ့ လမ်းပိုင်းတွေမှာ မကြာခဏဆိုသလို ပစ်ခတ်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိနေသလို မီးရှို့ဖျက်ဆီးသတ် ဖြတ်ခံရတာတွေပါ…