June 2023

ရွာစဉ်လှည့်ပြီး စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

သရက်ချောင်း၊ ဇွန်(၁၃) တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရွာစဉ်လှည့်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေသလို စစ်ရှောင်လူငယ်တစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ် ကနက်သီရိရွာနဲ့နတ်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေပစ်ခတ်ကာ စစ်ကြောင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာ…

စစ်အာဏာသိမ်း (၈၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၅၅ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၁၃) AAPP ရဲ့ ဇွန်(၁၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၆၂)ရက်အတွင်း ပြည်သူ (၃၆၅၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၁၁ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၃၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ကယားပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်သေဆုံးမှုများလာ

လွိုင်ကော်၊ ဇွန်(၁၃) စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ကြောင့် ကယားပြည်နယ်အခြေစိုက် စစ်ရှောင်စခန်းနဲ့ ကျေးလက်ဒေသတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ လသားအရွယ် ကလေးငယ်သေဆုံးမှု ပိုများလာတယ်လို့ ဒေသတွင်းအမျိုးသမီး အဖွဲ့အစည်းတွေကနေ သိရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ဖြတ်လေးဖြတ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လမစေ့ဘဲ ကလေးမွေးဖွားတာတွေ မကြာခဏဖြစ်ပွားနေပြီး ကလေးသေဆုံးတာတွေရှိနေသလို ကလေးရောမိခင်ပါ သေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိနေတာပါ။ ကယန်းအမျိုးသမီးအစည်းအရုံး KyWO ရဲ့…

တစ်နိုင်ငံလုံးအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ် ဗိုလ်လောင်းတွေခေါ်ယူ

နေပြည်တော်၊ ဇွန်(၁၃) တစ်နိုင်ငံလုံးအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရှေ့တန်းတပ်အင်အား ဖြန့်ကျက်ထားရတဲ့ စစ်ကောင်စီက တပ်မတော်ဆိုင်ရာ စစ်တက္ကသိုလ်၊ ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တွေမှာ ၁၀ တန်း အောင်မြင်ပြီးသူ လူငယ်တွေကို ဗိုလ်လောင်းခေါ်ယူနေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ခေါ်ယူမယ့် စစ်ကောင်စီရဲ့ တက္ကသိုလ် ၃ ခုက ဗိုလ်လောင်းသင်တန်းအတွက် လျှောက်လွှာတွေကို ဇွန် ၁၂ ရက်နေ့ကစပြီး နီးစပ်ရာတိုင်းစစ်ဌာနချုပ်တွေမှာ အခခဲ့ရယူနိုင်တယ်လို့ ဇွန်…

မွန်ပြည်နယ်က ဌာနဆိုင်ရာဦးစီးအရာရှိတွေကို စစ်ကောင်စီလက်နက်ထုတ်ပေးနေ

မော်လမြိုင်၊ ဇွန်(၁၃) မွန်ပြည်နယ်အတွင်းရှိ လက်အောက်ခံဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိတွေကို စစ်ကောင်စီက လက်နက်ထုတ်ပေးတာတွေ လုပ်ဆောင်နေပြီး လက်နက်ထုတ်ပေးထားတဲ့ အရာရှိ ၃၀ ကျော်အထိရှိလာပြီလို့ စစ်ကောင်စီ ပြည်နယ်အစိုးရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်နက်ထုတ်ပေးထားတဲ့သူတွေထဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူမှုဝင်မှုကြီးကြပ်ရေးဌာနတို့က ဦးစီးအရာရှိတွေ အများစုပါဝင်ပြီး ကျန်ဌာနဆိုင်ရာတွေက ဦးစီးအရာရှိတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ စစ်ကောင်စီက လက်နက်တွေထုတ်ပေးရမှာ ပြည်နယ်အတွင်းရှိ…

KNU ညောင်လေးပင်နယ်မြေမှာ တစ်ရက်တည်း အရပ်သား ၄ ဦး သတ်ဖြတ်ခံရ

ညောင်လေးပင်၊ ဇွန်(၁၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် တစ်ရက်တည်း အရပ်သားပြည်သူ(၄)ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ ညနေ(၃)နာရီအချိန်မှာ စစ်ကောင်စီတပ်ဟာ KNU ကျောက်ကြီးမြို့နယ်၊ ဆင်မတောင်ကနေ ပေတူးကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး(၁)ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ…

ဂန့်ဂေါမှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ပျူစောထီးတွေ ပစ်သတ်

ဂန့်ဂေါ – ဇွန်(၁၂) မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးထားချိန်မှာပဲ ပျူစောထီးတွေက အပြင်ခေါ်ထုတ်ပြီး ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၁) ရက်နေ့ နေ့လည်ပိုင်းမှာ ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးခံထားရသူ နှစ်ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေက ရဲစခန်းအပြင်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။ သတ်ဖြတ်ခံလိုက်ရသူတွေဟာ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး သူတို့ကို…

တနင်္သာရီ PDF စစ်ဆင်ရေးတာဝန်ခံတွေနဲ့ ရှေ့တန်းရဲဘော်တွေ တွေ့ဆုံဆွေးနွေး

တနင်္သာရီ – ဇွန်(၁၂) တနင်္သာရီတိုင်း၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးတာဝန်ခံ အဖွဲ့ဟာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ရှေ့တန်းတပ်ခွဲ့က ရဲဘော်တွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ ကိုအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ အကောင်အထည်ဖော်ပြီးတဲ့ စစ်ဆင်ရေးတွေမှာ အားနည်းချက် အားသာချက်တွေ ကိုဆွေးနွေးခဲ့ကြသလို ဆက်လက်အကောင်အထည်ဖော်မယ့် စစ်ဆင်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ –…

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပူတင်ကိုထောက်ခံပြီး ပိုမိုရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ဖို့ သတင်းစကားပါး

ပြုံယမ်း၊ ဇွန်(၁၃) ရုရှားနိုင်ငံရဲ့အမျိုးသားနေ့အထိမ်းအမှတ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့သဝဏ်လွှာမှာ ယူက ရိန်းစစ်ပွဲအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး ပိုမိုနီးကပ်တဲ့ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ဖို့ သူ့အနေနဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ ပူတင်ထံပေးပို့တဲ့ အရင်စာတွေကဲ့သို့ပင် ရုရှားသမ္မတရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လမ်းညွှန် မှုတို့ကို ချီးကျူးကြောင်းထည့်သွင်းရေးထားခဲ့တာပါ။ ရုရှားကိုရန်လိုနေတဲ့ အင်အားစုတွေရဲ့ ပြင်းထန်တဲ့ခြိမ်းခြောက်မှုတွေနဲ့…

စင်္ကာပူသမ္မတရာထူးအတွက် ရွေးကောက်ပွဲလျှောက်လွှာ ဇွန်လ(၁၃) ရက်နေ့ စတင်လက်ခံမယ်

စင်္ကာပူ – ဇွန်(၁၃) နိုင်ငံသားဖြစ်ခွင့်ရတဲ့ လူမျိုးအားလုံးပါဝင်ယှဉ်ပြိုင်ခွင့်ရှိတဲ့ စင်္ကာပူနိုင်ငံသမ္မတကိုယ်စားလှယ် နေရာအတွက် အရည်အချင်းပြည့်မီကြောင်း လျှောက်လွှာတွေကို ဇွန်လ(၁၃) ရက်နေ့ကစပြီး တင်သွင်းနိုင်တော့မှာဖြစ်တယ်လို့ ရွေးကောက်ပွဲဦးစီးရုံးက အသိပေးထားပါတယ်။ စင်္ကာပူ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအတွက် လျှောက်လွှာတင်သွင်း တာဟာ ပထမအဆင့်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေဟာ လူထုကြေငြာချက်တစ်ရပ်ကို လည်း တင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ အရည်အချင်းပြည့်မီကြောင်း လျှောက်လွှာတင်သွင်းမှုနဲ့ လူထုကြေငြာချက်ပြုလုပ်တာကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့…