June 2023

တနင်္သာရီမှာ တပ်ချိန်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး ၆ ဦးဒဏ်ရာရ

တနင်္သာရီ၊ ဇွန်(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကျေးရွာအနီးမှာ တပ်ချိန်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိန္နောကျေးရွာဘက်ကနေ တပ်ချိန်းပြန်ပြီးလာတဲ့ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီ ခြေ လျင်တပ်ရင်း ခလရ (၁၀၁) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို…

ဗီယက်နမ်မှာ ရဲစခန်း ၂ ခု တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူများပြားခဲ့

ဟနွိုင်း၊ ဇွန်(၁၄) ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗီယက်နမ်နိုင်ငံရဲ့ Central Highlands ရှိ ရဲဌာနချုပ် ၂ ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့ကာ ဒဏ်ရာရရှိမှုတွေလည်းဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ဆက်စပ်သူ ၁၆ ဦးကို ဖမ်းဆီထိန်းသိမ်းထားနိုင်ခဲ့ကြောင်း အများပြည်သူလုံခြုံ ရေးဦးစီးဌာနရဲ့ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပြီးသံသယတရားခံပေါင်းများစွာကိုရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုဟာ အယ်ယာတူနဲ့ အယ်ယာကသူ စီရင်…

ထိုင်ဝမ်အရပ်ဘက် ကာကွယ်ရေးစာအုပ်မှာ တရုတ်စစ်တပ်နဲ့ ထိုင်ဝမ်တပ်သားတွေကို ဘယ်လိုခွဲ ခြားမလဲဆိုတဲ့အချက်ထည့်သွင်း

တိုင်ပေ – ဇွန်(၁၄) ထိုင်ဝမ်စစ်တပ်ဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နဲ့ ထိုင်ဝမ်စစ်တပ်ကြားက ယူနီဖောင်း၊ ရုပ်ဖျက်တာနဲ့ အဆောင်အယောင်တွေအပေါ်အခြေခံပြီး ကွာခြားမှုကဏ္ဍတွေပါဝင်တဲ့ အရပ်ဘက် ကာကွယ်ရေးလက်စွဲစာအုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ဗုံး အကာအကွယ်တွေ၊ရေနဲ့ အစားအသောက်တွေကို စမတ်ဖုန်းအက်ပ်တွေကတစ်ဆင့် ရှာဖွေပုံနဲ့ အရေးပေါ် ရှေးဦးသူနာပြုဆိုင်ရာ အကြံပြုချက်တွေကို အသေးစိတ်ဖော်ပြတဲ့ လမ်းညွှန်စာအုပ်…

ဝန်ကြီးချုပ်ရာထူးအတွက် ထင်ကြေးပေးခံနေရတဲ့ ဖိတာ ကို ထိုင်းရွေးကော် စစ်ဆေးမယ်

ဘန်ကောက် – ဇွန်(၁၄) ထိုင်းနိုင်ငံဝန်ကြီးချုပ်ရာထူးအတွက် ရှေ့ပြေးနေတဲ့ ဖိတာ လင်မ်ဂျာရီယွန်ရတ်ကို ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီမှု ရှိ/မရှိနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားဖို့ရှိတယ်လို့ ထိုင်းထိပ်တန်းအရာရှိက ပြောခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ရာထူးအတွက် ထောက်ခံမှုရရှိဖို့ ကြိုးစားနေရချိန်မှာ ထပ်မံဖြစ်ပေါ်လာတဲ့ နောက်ကြောင်းပြန်မှုဖြစ်တယ်လို့ ဆိုနေကြပါတယ်။ အသက်(၄၂) နှစ်အရွယ် Move Forward ပါတီခေါင်းဆောင်ဟာ ထိုင်းစစ်တပ် ကျောထောက်…

ရေးမှာ ရွှေဆိုင်လုယက်ခံရ သိန်း(၈၀၀) နီးပါး ပါသွား

ရေး – ဇွန်(၁၃) မွန်ပြည်နယ်၊ ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်က ရွှေဈေးမှာ လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း(၈၀၀) နီးပါး ပါသွားတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၁၃) ရက်နေ့ မနက်(၈) နာရီဝန်းကျင်က ကားတစ်စီးပေါ်ကနေ အမျိုးသားတစ်ဦးက ရွှေစျေးမှာ ဖွင့်လှစ်ထားတဲ့ ငွေလဝန်းအမည်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ခဲ့တာပါ။ “ကားတစ်စီး ကမနက်ကတည်းကရှိနေတာ၊…

စစ်တွေမှာ ဖယောင်းတိုင်မီးကတဆင့် နေအိမ်(၁)လုံးနဲ့ ဆိုင်ခန်းဆယ်ခန်း မီးလောင်

စစ်တွေ – ဇွန်(၁၃) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒါးပိုင်(ရွာသစ်) ကျေးရွာမှာ ဆိုင်ခန်းအတွင်း ဖယောင်းတိုင်မီး ထွန်းထားတာကတဆင့် ဝါးထရံကို မီးကူးစက်လောင်ကျွမ်းပြီး နေအိမ်(၁) လုံးနဲ့ ဆိုင်ခန်း(၁၀) ခန်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၂) ရက်နေ့ ညပိုင်းက ဒါးပိုင်(ရွာသစ်) ကျေးရွာမှာ ဖယောင်းတိုင်မီး ကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။ မီးလောင်ခဲ့တဲ့…

ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်တဲ့အတွက် ကြိုဆိုတယ်လို့ တော်လှန်ရေး အင်အားစုတွေ ထုတ်ပြန်

လွိုင်ကော် – ဇွန်(၁၃) ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီကို တော်လှန်ရေးကာလအတွင်း အခြေအနေနဲ့ လိုက်လျောညီထွေစွာ ဖွဲ့စည်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီး တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ညီနောင်မဟာမိတ်(၃) ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ တို့က ထုတ်ပြန်ထားပါတယ်။ ကြားကာလအုပ်ချုပ်ရေးကောင်စီကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး ကောင်စီမှာ ပြည်နယ်ရေးရာဌာန အနည်းဆုံး(၁၂) ရပ်ထားရှိသွားမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် CRPH၊ NUCC နဲ့ NUG…

ဒီပဲယင်းက မုန်တိုင်းသင့် ပြည်သူတွေအတွက် S&C မိုးကာတွေလှူဒါန်း

ဒီပဲယင်း – ဇွန်(၁၃) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က မိုခါမုန်တိုင်းဒဏ်သင့် အိမ်ထောင်စု (၁၀၆) စုအတွက် S&C မီးဘေး၊စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မိုးကာတွေလှူဒါန်းပေးခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဒီပဲယင်းမြို့နယ်က မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ မိသားစုတွေအတွက် (၆) ကြိမ်မြောက်လှူဒါန်းခဲ့တာဖြစ်ပြီး အိမ်ထောင်စု(၇၈၁) စုအထိ လှူဒါန်းထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – S&C