June 2023

မိုးဗြဲတိုက်ပွဲမှာ အရပ်သား ၂၀ ထက်မနည်း သတ်ဖြတ်ခံရ

မိုးဗြဲ၊ ဇွန်(၁၅) တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် နယ်စပ်မိုးဗြဲမြို့မှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၀ ထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ အသက် (၁၅) နှစ်အောက်ကလေး ၃ ဦးပါဝင်ပြီး အမျိုး သမီး ၅ ဦးနဲ့ ကျန်သေဆုံးသူတွေက အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံခဲ့ရသူတွေဟာ စစ်ကောင်စီစစ်ကြောင်းချီတက်ရာ…

အာဏာသိမ်းကာလ ကလေးလုပ်သားဖြစ်ပွားမှု အရေးတကြီးဖြေရှင်းရမယ့် အခြေအနေဖြစ်လာ

ရန်ကုန်၊ ဇွန်(၁၅) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ဆင်းရဲနွမ်းပါးမှုပြဿနာတွေကြောင့် ကလေးလုပ်သားဖြစ်ပွားမှု တရှိန်ထိုးမြင့်တက်လာပြီး အရေးတကြီးဖြေရှင်းရမယ့် အခြေအနေဖြစ်လာတယ်လို့ ကလေးသူငယ်အရေး ဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ကလေး (၁)သန်းကျော်ဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ကိုဗစ်ကပ်ဘေးရောဂါ အခြေအနေတွေကြောင့် ကလေးအလုပ်သမားအဖြစ်ရှိနေပြီး ထက်ဝက်ကျော်ဟာ ကျန်းမာရေး၊ ဘေးကင်းရေးနဲ့ စာရိတ္တဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ…

ရေးမြို့နယ်ပြည်သူတွေ မလိုအပ်ဘဲခရီးမသွားဖို့ ဒေသ PDF မေတ္တာရပ်ခံ

ရေး၊ ဇွန်(၁၅) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်ရေးမြို့နယ်ကို မကြာမီကာလအတွင်း စစ်ရေးအရှိန်မြင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။ မော်လမြိုင်-ရေးလမ်းပိုင်းတလျှောက်မှာ အခုနောက်ပိုင်းကာလတွေအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သုံးယာဉ်တွေကို အသုံးပြုကာ အသွင်ယူသွားလာနေတဲ့အတွက် အခုလိုမေတ္တာရပ်ခံတာလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ဆေးရင် ကြည်ဖြူစွာခံယူပေးဖို့၊ လူနာတင်ယာဉ်တွေအနေနဲ့လည်း ကီလို ၈၀ အထက်…

အာဏာသိမ်းကာလအတွင်း သတ်ဖြတ်ခံရတဲ့အရပ်သား ၄၀၀၀ နီးပါးအထိရှိလာ

ရန်ကုန်၊ ဇွန်(၁၅)မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း သတ်ဖြတ်ခံထားရတဲ့ အရပ်သား ၄၀၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာ NLD ပါတီဝင် ၉၀ ကျော် ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုက ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ကောက်ယူရေးအဖွဲ့က အခုနှစ် မေလကုန်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး…

NUG အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏနေအိမ်အသိမ်းခံရ

ဘားအံ၊ ဇွန်(၁၅) အမျိုးသားညီညွတ်ရေးအစိုး(NUG) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်ကို စစ်ကောင်စီက နိုင်ငံတော်ဘဏ္ဍာအဖြစ် ချိပ်ပိတ်သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာ အမှတ် (၇) ရပ်ကွက်ရှိ ဝန်ကြီးနိုင်သုဝဏ္ဏ နေအိမ်ကို ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေရောက်ရှိလာပြီး ချိပ်ပိတ်သိမ်းဆည်းသွားတာပါ။…

ညောင်ပင်ကြီး ကျေးရွာအနီးတဝိုက်ကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်နေအိမ်တွေကို စစ်တပ်မီးရှို့

ဆားလင်းကြီး – ဇွန်(၁၄) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ကျေးရွာအနီးက သိမ်တော်ရပ်ကွက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပတ်ဝန်းကျင်ကျေးရွာတွေကို ၄၀(မမ)၊၆၀(မမ) တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့ ဇွန်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် နှင်းတောရွာသား တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး…

ဂျပန်စစ်သားတစ်ဦးရဲ့ တပ်တွင်းပစ်ခတ်မှုကြောင့် သင်ကြားရေးဆရာနှစ်ဦးသေဆုံး

တိုကျို၊ ဇွန်(၁၅) ဂျပန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းအတွင်း အသက်(၁၈) နှစ်အရွယ် စစ်သားတစ်ဦးက သင်တန်းဆရာနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး အခြားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူကပြောပါတယ်။ တပ်တွင်း ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ စစ်သားကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း အဲဒီတာ ဝန်ရှိသူက ဇွန်လ (၁၄) ရက်နေ့က ပြောကြားခဲ့တာပါ။ အဲဒီပစ်ခတ်မှုဟာ ဂီဖူမြို့မှာ ဒေသစံတော်ချိန်…

ဝန်ကြီးချုပ်ကို ဝေဖန်တဲ့ အကောင့်တွေ မဖယ်ရှားပေးရင် တွစ်တာကို ပိတ်ပစ်မယ်လို့ အိန္ဒိယ ခြိမ်းခြောက်

နယူးဒေလီ – ဇွန်(၁၅) အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဝေဖန်နေတဲ့ တွစ်တာအကောင့်တွေကို မဖယ်ရှားပေးရင် နိုင်ငံအတွင်း တွစ်တာအသုံးပြုမှုကို ပိတ်ပင်သွားမှာ ဖြစ်တဲ့အပြင် ဝန်ထမ်းတွေရဲ့ နေအိမ်တွေကိုပါ ဝင်ရောက် စီးနင်းသွားမှာဖြစ်တယ်လို့ အစိုးရက ခြိမ်းခြောက်ထားပါတယ်။ တွစ်တာဟာ အိန္ဒိယ အာဏာပိုင်တွေရဲ့ တောင်းဆိုမှုအရ မိုဒီကို ဝေဖန်နေတဲ့ အကောင့်တွေကို ပုံမှန်ဖယ်ရှားတာ ဒါမှမဟုတ် ပိတ်ဆို့တာတွေကို ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။…

ဗေးနီးရပ်စ် ထိပ်သီးအစည်းအဝေးမှာ နေတိုးအဖွဲ့ဝင်အဖြစ် ဆွီဒင်ကို အသိအမှတ်ပြုမှာ မဟုတ် သေးဘူးလို့ တူရကီ သမ္မတဆို

အန်ကာရာ – ဇွန်(၁၅) ဆွီဒင်မှာ PKK အဖွဲ့ကို ထောက်ခံသူတွေက ဆန္ဒပြခဲ့တဲ့အတွက် စတော့ဟုမ်း အနေနဲ့ သူတို့ရဲ့ ကတိတွေကို လိုက်နာဖို့ လုံလောက်မှုမရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဗေးနီးရပ်စ် ထိပ်သီးအစည်း အဝေးမှာ နေတိုးအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က ပြောပါတယ်။ ဒီလအစောပိုင်းက ကာတစ်စတန် လုပ်သားပါတီ(PKK) လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသူတွေ ဟာ…