June 2023

“ကျွန်တော်တို့ အစိုးရကြေညာလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ညီညွတ်မှုတွေ ကျွန်တော်တို့ရဲ့အစိုးရအခန်း ကဏ္ဍကိုပြန်ပြီးမှ အသိအမှတ်ပြုပြီးတော့မှ စကစရဲ့အာဏာစက်ကို တွန်းလှန်ပြသရာရောက်တယ်လို့ မြင်တယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်မယ်”

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ကရင် နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ကို ဇွန် ၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဟာ နွေဦးတော်လှန်ရေး ၂ နှစ်ကျော်အကြာမှာ ပထမဦးဆုံး ဖွဲ့စည်းလိုက်တဲ့ ကြားကာလပြည်နယ်အစိုးရတစ်ရပ် ဖြစ်လာခဲ့တာပါ။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီဟာ ကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ…

KNU နယ်မြေ စာသင်ကျောင်းထဲ လက်နက်ကြီးပစ်ခံရလို့ ကျောင်းသား ၃ ဦး ဒဏ်ရာရ

တောင်ငူ၊ ဇွန်(၁၆) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေထဲက စာသင်ကျောင်းဝန်းတစ်ခုအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဆောင်နေကျောင်းသားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၄)ရက်နေ့ ည(၁၁)နာရီအချိန်ခန့်က တောင်ငူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ KNU ထန်းတပင်မြို့နယ်အတွင်းရှိ ထိုလွီဝါးအထက်တန်း ကျောင်းဝင်းထဲက ကျောင်းသားတွေနေထိုင်တဲ့ အဆောင်နားမှာ လက်နက်ကြီးကျည်(၁)လုံး…

ပုလောမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပုလော၊ ဇွန်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်တောင်ရွာအနီးမှာ ဒေသခံပြည်သူနှစ်ဦး မြေမြှုပ် မိုင်းနင်းမိတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ နေ့လည်ပိုင်းက ပလမြို့၊ အမှတ် ၃ ရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် ဦးဖိုးလူနဲ့ အသက် ၂၆ နှစ်အရွယ်…

စစ်အာဏာသိမ်း (၈၆၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၆၂ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၁၆) AAPP ရဲ့ ဇွန်(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၆၅)ရက်အတွင်း ပြည်သူ (၃၆၆၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၅၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

စစ်ကောင်စီထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ ပြည်တွင်းရွှေဈေး ခေါင်းထောင်လာပြန်

ရန်ကုန်၊ ဇွန်(၁၆) ပြည်တွင်းရွှေဈေးကို စစ်ကောင်စီကနေ နည်းမျိုးသုံးပြီး ဈေးနှုန်းကျဆင်းအောင် လုပ်ဆောင်နေပေမယ့် ဇွန်လဒုတိယအပတ်မှာ မီလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်အထိ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ် အခြေခံတာကြောင့် အခုရက်ပိုင်းအတွင်း ပြည်တွင်းဒေါ်လာဈေးနှုန်း မြင့်တက်နေလို့ ရွှေဈေးနှုန်း ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဇွန်လပထမအပတ်အတွင်း…

မွန်ပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘယ်လောက်ထိန်းချုပ်ထားနိုင်ပြီလဲ

မော်လမြိုင်၊ ဇွန်(၁၆) မွန်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေတစ်ခုအထိ ရောက်ရှိလာပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF) တွေဟာ စစ်တပ်အာဏာသိမ်းစကာလတွေမှာ စစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ စစ်ရေးနဲ့အုပ်ချုပ်ရေးပစ်မှတ်တွေကို ပြောက်ကျားအသွင် တိုက်ခိုက်ရာကနေ လက်ရှိမှာ ထိုးစစ်အသွင်ဝင်ရောက်စီးနင်းတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လာပါတယ်။ မြို့နယ် ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်ရဲ့…

“ကလေးတွေကိုဗုံးခိုကျင်းနဲ့ ပတ်သက်တာတွေက ဘာသာရပ်တခုလိုကို သင်ရတယ်၊လေယာဉ်လာရင် ထွက်မကြည့်ဖို့၊ ဗုံးခိုကျင်းထဲ ဘယ်လိုဝပ်နေဖို့၊ အဲဒီလိုလမ်းညွှန်မှုတွေကို အမြဲမပြတ် ပြောပေးနေရတယ်”

ဗုံးခိုကျင်းနံဘေးက စာသင်ကျောင်းလေးများ သံလွင်တိုင်းမ် နိုင်ငံတကာရဲ့ စာသင်ကျောင်းတွေမှာ ကလေးကစားကွင်း၊ အားကစားကွင်းနဲ့ အပန်းဖြေဖို့သစ်ပင်လေးတွေ၊ ပန်းပင်လေးတွေနဲ့ ကလေးတွေကို ကျောင်းနေပျော်အောင် ဖန်တီးပေးထားကြတာကို တွေ့မြင်ရလေ့ရှိပါတယ်။ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက်က ပညာရေးကို အလိုမရှိတဲ့ ကျောင်းသားကျောင်းသူတွေတက်နေတဲ့ တာလဘတ်ပဲမိုး၊ ထရံကာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာတော့ ကလေးကစားကွင်း၊ အားကစားကွင်းနဲ့ အပန်းဖြေဖို့သစ်ပင်လေးတွေအစား ဗုံးခိုကျင်းတွေကိုသာ တွေ့မြင်ရပါတယ်။ လေယာဉ်သံနဲ့ လက်နက်ကြီးသံတွေကြား အထိတ်ထိတ်အလန့်လန့်နဲ့ ပညာသင်နေကြရတဲ့…

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်လာ

မော်လမြိုင်၊ ဇွန်(၁၆) စစ်တပ်အာဏာသိမ်းထားတဲ့ အခုနှစ်ဇန်နဝါရီကနေ မေလအထိ ၅ လအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင်သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar က ဇွန် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ISP – Myanmar အဆိုအရ အခု ၅ လအတွင်း အရပ်သားသေဆုံးမှုဟာ…

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းဝင်လာလို့ ကျေးရွာ ၇ ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ

ထားဝယ်၊ ဇွန်(၁၆)တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး ထားဝယ်အရှေ့တောဒေသကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတဲ့အတွက်…

ဂရိနိုင်ငံအတွင်း လှေနစ်မြှုပ်မှုကြောင့် အနည်းဆုံး ၇၉ ဦးသေဆုံးပြီး လူရာချီပျောက်ဆုံးနေ

အေသင်၊ ဇွန်(၁၆) ဂရိနိုင်ငံတောင်ဘက်ပိုင်းမှာ ငါးဖမ်းလှေ နစ်မြှုပ်မှုကြောင့် အနည်းဆုံး လူ၇၉ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ကယ်ထုတ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ လူပေါင်း၇၅၀ကျော်အထိ လှေပေါ်မှာပါလာနိုင်ပြီး အဲဒီထဲမှာ ကလေးငယ် ၁၀၀ ဦးခန့်လည်း ပါဝင်နိုင်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောကြားထားတာပါ။ ဒီလှေနစ်မြုပ်မှုဟာ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်စဉ်တွေအနက်မှ တစ်ခုဖြစ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ၃ ရက်တိတိကြေညာမယ်လို့ ဂရိအစိုးရကပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့…