ကန့်ကွက်မှုတွေရှိနေပေမယ့် ထိုင်းဦးဆောင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲပြုလုပ်
ဘန်ကောက်၊ ဇွန်(၂၀) ကန့်ကွက်မှုတွေရှိနေပေမယ့် ထိုင်းနိုင်ငံကဦးဆောင်ပြီး စစ်ကောင်စီအပါအဝင် ဒေသတွင်းအာဆီယံနိုင်ငံတချို့တက်ရောက်မယ့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဇွန် ၁၉ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ထိုင်းအနေနဲ့ အရင်ကမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွေကို ပုံစံမျိုးစုံနဲ့ကျင်းပခဲ့ပြီး ဒါဟာ တတိယမြောက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲဖြစ်ကာ လာအို၊ ကမ္ဘောဒီးယား၊မြန်မာ၊အိန္ဒိယ၊တရုတ်၊ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ရှိနေတာပါ။ ဒီတွေ့ဆုံဆွေးနွေးပွဲကို အာဆီယံမူဘောင်အတွင်း မကျင်းပနိုင်ပေမယ့် မြန်မာ့အရေးဖြေရှင်းဖို့…