ကွာလာလမ်ပူ၊ ဇွန်(၂၇)
ဟိုက်ဒရိုကာဗွန်တွေဟာ စွမ်းအင်လုံခြုံမှုကြောင့် အရှေ့တောင်အာရှမှာ စွမ်းအင်ရောနှောမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇွန်လ (၂၆) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိစေရေး ပစ်မှတ်တွေကို အောင်မြင်ဖို့အတွက် စီးပွားရေးဖွံ့ဖြိုးအောင်တိုးချဲ့ မှုတွေကလည်း အပြန်အလှန်အားဖြင့်မဖြစ်သင့်ဘူးလို့ မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ ပက်ထရွန်နက်စ်က ကျင်းပတဲ့ Energy Asia ညီလာခံ ဖွင့်ပွဲတွင် မစ္စတာ အန်ဝါက ပြောခဲ့တာပါ။
“အဲဒီအစား အာရှနိုင်ငံနိုင်ငံတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကာဗွန်မျှော်မှန်းချက်တွေကို လျှော့ချနိုင်စေဖို့ တာဝန် သိသိနဲ့ ဘယ်လို အစီအစဉ်တကျ လုပ်ဆောင်နိုင်မလဲဆိုတဲ့ အခွင့်အလမ်းတိုင်းကို ရယူရမှာပဲ” ဟု သူကပြော ဆိုခဲ့တာပါ။
အာရှဟာ ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တဲ့ နိုင်ငံအချို့မှာတည်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဓာတ်ငွေ့ထုတ်လုပ်သူတွေထံကနေ လုံလောက်တဲ့ ငွေကြေးပံ့ပိုးမှုတွေတောင်းဆိုနေစဉ်မှာလည်း ရုပ်ကြွင်း လောင်စာတွေကို ရပ်ဆိုင်းကာ စွမ်းအင်အကူးအပြောင်းကို အရှိန်မြှင့်ဖို့ ကတိကဝတ်အမျိုးမျိုးရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း LNG တင်ပို့သူ (၅) နိုင်ငံထဲကဖြစ်တဲ့ မလေးရှားအတွက် စွမ်းအင်ရောနှောမှုမှာ သဘာဝ ဓာတ်ငွေ့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်မှာဖြစ်ကြောင်း အန်ဝါက ပြောခဲ့တာပါ။
အစိုးရဟာ ဟိုက်ဒရိုဂျင်လောင်စာနဲ့ ကာဗွန်ဖမ်းယူမှု သိုလှောင်မှုနည်းပညာတွေ တီထွင်ထုတ်လုပ်နိုင်ရေး အတွက် နိုင်ငံရဲ့အလားအလာကို အသေးစိတ်ဖော်ပြတဲ့ လမ်းပြမြေပုံနှစ်ခုကို အခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ထုတ်ပြန်မှာလည်း ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက နည်းပညာအသစ်တွေတီထွင်ထုတ်လုပ်ခြင်းဟာ အဓိကကျတယ်လို့ ဆိုထားပေမယ့်လည်း စက်မှုခေတ်မတိုင်မီက ကမ္ဘာကြီးပူနွေးလာမှုကို 1.5 ဒီဂရီစင်တီဂရိတ်ထက် ပိုမိုပူနွေးလာမှုမှ ကာကွယ်ဖို့ အတွက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြတ်တောက်ခြင်းဟာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို (၂၀၃၀) တွင် (၃၀) ရာခိုင်နှုန်းလျှော့ချရန် ကမ္ဘာလုံးဆိုင် ရာကတိပြုချက်မှာ ပါဝင်ဖို့ အခိုင်အမာဆိုထားကြောင်း သူက ထပ်လောင်းပြောခဲ့ပါတယ်။
ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC)၊ အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) နဲ့ ဆော်ဒီအရာမ်ဂို၊ တိုတယ် အန်နာဂျီနဲ့ ဗီတိုတို့မှ အမှုဆောင်အရာရှိချုပ်တွေကလည်း ကွာလာလမ်ပူရဲ့ ဆွေး နွေးပွဲသို့ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီ အခမ်းအနားမှာ ကမ္ဘာ့စွမ်းအင်ခေါင်းဆောင်များ၊ ကုမ္ပဏီများနဲ့ မူဝါဒချမှတ်သူများက ဒေသတွင်း စွမ်းအင်အကူးအပြောင်းကို ဆွေးနွေးအဖြေရှာကြမှာ ဖြစ်ပါတယ်။
Ref: CNA