ဘေဂျင်း၊ ဇွန်(၁၈)

 အမေရိကန်ပိုင်ချစ်ပ်ပြား ထုတ်လုပ်ရေးကုမ္ပဏီ မိုင်ခရွန်က တရုတ်နိုင်ငံမြောက်ဘက်ရှိ ထုတ်လုပ်ရေးနဲ့ စမ်း သပ်ရေးစက်ရုံမှာ အမေရိကန်ဒေါ်လာ ၆၀၀ မီလီယမ်ကျော် ရင်းနှီးမြှုပ်နှံဖို့ရှိတယ်လို့ ဇွန်လ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

WeChat ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ကုမ္ပဏီဟာ ရှီအန်မြို့ရှိ သူ့ရဲ့စက်ရုံမှာ စက်ပစ္စည်းကိရိယာတွေ ဝယ်ယူဖို့နဲ့ စက်ရုံသစ်တစ်ခုအတွက် လာမယ့်နှစ်အနည်းငယ်အတွင်း တရုတ်ယွမ်ငွေ ၄.၃ ဘီလီယံ (အမေရိ ကန်ဒေါ်လာ ၆၀၅ သန်း) ကျော် ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားတာပါ။

 တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့ က Micron ဟာ တရုတ်နိုင်ငံရဲ့ “အရေးကြီးတဲ့သတင်း အချက်အလက်အခြေခံအဆောက်အအုံ” မှထုတ်ကုန်တွေကို အော်ပရေတာများအား ဝယ်ယူခွင့်ကန့်သတ် တဲ့အချက်ကို လိုက်နာခြင်းမရှိကြောင်း ပြောကြားထားပါတယ်။

 ဒီလိုရင်းနှီးမြှုပ်နှံလိုက်တာဟာ အမေရိကန်နဲ့ တရုတ်ကြား ချစ်ပ်ပြားတိုက်ပွဲအတွက် နောက်ဆုံး တိုးမြှင့်မှုဖြစ် လာပြီး ဝါရှင်တန်ဟာ ပေကျင်းရဲ့ခေတ်မီတဲ့ လျှပ်ကူးပစ္စည်းတွေ အသုံးပြုခွင့်ကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့တာပါ။ 

“ဒီရင်းနှီးမြုပ်နှံမှုပရောဂျက်က ကျွန်တော်တို့ရဲ့ တရုတ်စီးပွားရေးနဲ့ တရုတ်အသင်းအဖွဲ့ဝင်တွေအတွက် Micron ရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်တွေကို ထင်ဟပ်ပါတယ်” လို့ CEO Sanjay Mehrotra က ထုတ်ပြန်ချက်မှာ ပြောကြားထားတာပါ။ 

အရင်ကသဘောတူညီချက်အရ မိုင်ခရွန်ကုမ္ပဏီဟာ Xi’an အခြေစိုက် Licheng Semiconductor ထံမှ Micron ချိပ်စ်ထုတ်လုပ်ရေး ပစ္စည်းတွေကို ဝယ်ယူမယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။ 

Micronဟာ မိုဘိုင်း DRAM၊ NAND နဲ့SSD ချစ်ပ်တွေအတွက် ထုတ်လုပ်နိုင်တဲ့ စက်ရုံအသစ်တစ်ခုကိုလည်း တည်ဆောက်မှာဖြစ်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.