ဘန်ကောက် – ဇွန်(၁၈) 

ထိုင်းအိမ်စောင့်အစိုးရက မြန်မာစစ်ခေါင်းတွေနဲ့ အာဆီယံကြား ပြန်လည်စေ့စပ်ဖို့ အဆိုပြုနေပြီး ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေး အစီစဉ်တွေကို ဆွေးနွေးဖို့ တရားမဝင်တွေ့ဆုံပွဲ ကျင်းပဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားထားတဲ့ စာတစ်စောင်ကို ရိုက်တာသတင်းဌာနက စုံစမ်းရမိ ထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ(၁၄) ရက်နေ့က အာဆီယံ မိတ်ဖက်တွေကို ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ဖိတ်ကြားခဲ့တဲ့ စာကိုရိုက်တာ သတင်းဌာနကတွေ့ရှိထားပြီး သတင်းရင်းမြစ်(၃) ဦးကလည်း အတည်ပြုထားတာပါ။ 

မေလအတွင်းက ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ထိုင်းနိုင်ငံရဲ့ အခုလုပ်ရပ်ဟာ အာဆီယံရဲ့ ညီညွတ်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေခံနေရ ပါတယ်။ 

သတင်းရင်းမြစ်(၂) ဦးကတော့ စစ်ကောင်စီခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေး ဖိတ်ထားတယ်လို့ ဆိုထားကာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဖုန်းနဲ့ မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိခဲ့ပါဘူး။ 

အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားကတော့ ထိုင်းဘက်က အဆိုပြုထားတဲ့ အစည်း အဝေးကို တက်ရောက်ဖို့ ငြင်းဆန်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပြီး ဒီဖိတ်ကြား ချက်ကိုမကြားဖူးလို့သာ ရိုက်တာကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုဖို့ ငြင်းဆန်ထားပါတယ်။ 

တိုင်းပြည်ကို အာဏာသိမ်းမှုကတဆင့် အာဏာရယူထားတဲ့ မစ္စတာပရရွတ်ချန်အိုချာဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံ မိတ်ဖက်တွေနဲ့ တရားမဝင်တွေ့ဆုံခွင့်ရဖို့ ဦးဆောင်ကြိုးပမ်း နေတာဖြစ်ပြီး အင်ဒိုနီးရှားအစိုးရရဲ့ မြန်မာ့အရေးမျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာ ပါ။ 

ဂျကာတာရှိသတင်းရင်းမြစ်တစ်ဦးကတော့ ထိုင်းအစိုးရရဲ့ ရှေ့ပြေးဆောင်ရွက်ချက်ဟာ မေလ ထိပ်သီးအစည်းအဝေးက အာဆီယံရဲ့ သဘောတူညီချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် အင်ဒိုနီးရှားက အစည်းအဝေးဖိတ်ကြားစာကို ပယ်ချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ သူတို့အဆိုပြုထားတဲ့ အစည်းအဝေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ ကနဦးခြေလှမ်းအတွက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.