June 14, 2023

ဂျပန်စစ်သားတစ်ဦးရဲ့ တပ်တွင်းပစ်ခတ်မှုကြောင့် သင်ကြားရေးဆရာနှစ်ဦးသေဆုံး

တိုကျို၊ ဇွန်(၁၅) ဂျပန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းအတွင်း အသက်(၁၈) နှစ်အရွယ် စစ်သားတစ်ဦးက သင်တန်းဆရာနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး အခြားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူကပြောပါတယ်။ တပ်တွင်း ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ စစ်သားကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း အဲဒီတာ ဝန်ရှိသူက ဇွန်လ (၁၄) ရက်နေ့က ပြောကြားခဲ့တာပါ။ အဲဒီပစ်ခတ်မှုဟာ ဂီဖူမြို့မှာ ဒေသစံတော်ချိန်…

ဝန်ကြီးချုပ်ကို ဝေဖန်တဲ့ အကောင့်တွေ မဖယ်ရှားပေးရင် တွစ်တာကို ပိတ်ပစ်မယ်လို့ အိန္ဒိယ ခြိမ်းခြောက်

နယူးဒေလီ – ဇွန်(၁၅) အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဝေဖန်နေတဲ့ တွစ်တာအကောင့်တွေကို မဖယ်ရှားပေးရင် နိုင်ငံအတွင်း တွစ်တာအသုံးပြုမှုကို ပိတ်ပင်သွားမှာ ဖြစ်တဲ့အပြင် ဝန်ထမ်းတွေရဲ့ နေအိမ်တွေကိုပါ ဝင်ရောက် စီးနင်းသွားမှာဖြစ်တယ်လို့ အစိုးရက ခြိမ်းခြောက်ထားပါတယ်။ တွစ်တာဟာ အိန္ဒိယ အာဏာပိုင်တွေရဲ့ တောင်းဆိုမှုအရ မိုဒီကို ဝေဖန်နေတဲ့ အကောင့်တွေကို ပုံမှန်ဖယ်ရှားတာ ဒါမှမဟုတ် ပိတ်ဆို့တာတွေကို ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။…

ဗေးနီးရပ်စ် ထိပ်သီးအစည်းအဝေးမှာ နေတိုးအဖွဲ့ဝင်အဖြစ် ဆွီဒင်ကို အသိအမှတ်ပြုမှာ မဟုတ် သေးဘူးလို့ တူရကီ သမ္မတဆို

အန်ကာရာ – ဇွန်(၁၅) ဆွီဒင်မှာ PKK အဖွဲ့ကို ထောက်ခံသူတွေက ဆန္ဒပြခဲ့တဲ့အတွက် စတော့ဟုမ်း အနေနဲ့ သူတို့ရဲ့ ကတိတွေကို လိုက်နာဖို့ လုံလောက်မှုမရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဗေးနီးရပ်စ် ထိပ်သီးအစည်း အဝေးမှာ နေတိုးအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က ပြောပါတယ်။ ဒီလအစောပိုင်းက ကာတစ်စတန် လုပ်သားပါတီ(PKK) လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသူတွေ ဟာ…

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန် – ဇွန်(၁၄) ရန်ကုန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို လှုံ့ဆော်ရေး လှုပ်ရှားမှုအဖြစ် ဒီနေ့ ဇွန်လ(၁၄) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB) က သတင်းထုတ်ပြန်ထားပါတယ်။ ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ သပိတ်အင်အားစုတွေ စုပေါင်းပြီး လာမယ့် ဇွန်လ(၁၉) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)…

“စစ်ဧရိယာမှာရောက်နေတဲ့ အမျိုးသမီးတွေဆိုရင် သတင်းရရှိမှုအရ စစ်ကောင်စီရဲ့ အဓမ္မကျင့်ပြုကျင့်ပြီးမှ ဖခင်ရှေ့မှာပဲ အသတ်ခံရတဲ့ အနေအထားတွေ ဖြစ်နေတယ်”

ကယားပြည်နယ်ထဲက အမျိုးသမီးတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း မတရားဖမ်းဆီးခံရတာ၊ ညှဉ်း ပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှု ဒဏ်ကို အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်ထဲ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ အမျိုးမျိုးဖိနှိပ်မှုတွေကြားမှာ အချင်းချင်းအပြန်အလှန် ကူညီပြီး ကျရာအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေတာ ပါ။ ဒါကြောင့် အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အမျိုးသမီး…

သံလွင်တံတားပေါ်မှာ စစ်ကားဝင်တိုက်လို့ ဆိုက်ကယ်မောင်းသူတစ်ဦး သေဆုံး

ပေါင် ဇွန် (၁၄) မွန်ပြည်နယ်၊ သံလွင်တံတာ(မော်လမြိုင်) မုတ္တမဘက်ခြမ်းမှာ စစ်ကားဝင်တိုက်ပြီး ဆိုင်ကယ် မောင်းနှင်သူတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက်နေ့ ညနေပိုင်းက သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက် ခြမ်းမှာ တံတားအတက် တံတားချဉ်းကပ်လမ်းနေရာမှာ မုတ္တမဘက်က မော်လမြိုင်ကို တပ်သား မောင်မောင်ဦး မောင်းနှင်လာတဲ့ FAW ကားတစ်စီးက အရှိန်လွန်တိမ်းမှောက်ပြီး…

လောင်းကစားမြို့တော်လို့နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်မြို့ မီးဖြတ်ခံရပေမယ့် မီးစက်တွေနဲ့လည်ပတ်နေ

မြဝတီ၊ ဇွန်(၁၄) ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်ဘက်ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာရှိတဲ့ တရုတ်လူမျိုးတွေနဲ့ ငွေကြေးတတ်နိုင်သူလုပ်ငန်းရှင်တွေက မီးစက်ဝယ်ယူအသုံးပြုမှု ပိုမိုများပြားလာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ တရားမဝင်လောင်းကစားမြို့တော်လို့ နာမည်ကြီးနေပြီး ကရင်နယ်ခြားစောင့်တပ် BGF အပြည့်အ၀ ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ(၅)ရက်နေ့ ည(၁၂)နာရီအချိန်ကစလို့ ထိုင်းဘက်ခြမ်းက လျှပ်စစ်ဓာတ်အားပေးပို့မှု ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။…

လောင်းလုံးဒေသခံ ၈ ဦးကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်ဝင်ဖမ်း

လောင်းလုံး၊ ဇွန်(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာနဲ့အင်းစောက်ကျေးရွာနေ ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ လောင်းလုံးမြို့အဝင် သဗျာကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်ကို…