အယ်နီညိုနှစ်ဖြစ်လာလို့ စံချိန်တင်အပူတိုးလာမယ့်ဘေး သိပ္ပံပညာရှင်တွေစိုးရိမ်နေ
ဝါရှင်တန်၊ ဇွန်(၁၀) ကြိုတင်ခန့်မှန်းထားတဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ရောက်ရှိလာပြီး ပြင်းထန်တဲ့ ရာသီဥတုနဲ့အပူချိန် စံချိန်တင်မြင့်တက်မှာကို စိုးရိမ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးမှ သိပ္ပံပညာရှင် တွေက ဇွန်လ (၈) ရက်နေ့မှာ ပြောပါတယ်။ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ရဲ့ ပျမ်းမျှထက် ပိုမိုပူနွေးနေတဲ့ အပူချိန်နဲ့ရာသီဥတုပုံစံဟာ ၂၀၁၈ – ၁၉ ခုနှစ်အတွင်း…